Part -2

21.3K 1.9K 53
                                    

ပင်လယ်စာကို အားပါတရ စားနေတဲ့ ကျွန်တော့
Angel လေးကတကယ် ရူးလောက်တယ်။

အစားအသောက်ထယူလိုက်တိုင်း
လှုပ်ခတ်သွားတဲ့ ခြေကျင်းအသံက ကျွန်တော်ကို
စိတ်ချစေတယ် သူကျွန်တော် အနားမှာ လုံခြုံ
စွာရှိတယ်ဆိုတဲ့ အတွေးနဲ့ပေါ့ ......။

"အဟွတ် အဟွတ် ''

ထသီးတဲ့ကျွန်တော့ကလေးကြောင့်
ခေါင်းကြီးသွားရတယ်ဘာများဖြစ်တာလဲလို့

"Angel Daddy လက်ထဲထွေးထုတ်လိုက် ''

ကျွန်တော်လက်ဝါးအမြန်ဖြန့်ပြီး သူ့ပါးစပ်ထဲက
အဆာတွေ ကို လက်ထဲတွေးထုတ်ခိုင်းလိုက်တော့
ငါးရိုး ဖြစ်နေတယ်။

ကျွန်တော့် Angel လေးက ငါးရိုးမထွင်တတ်တာကြောင့် ငါအသားတွေ ကြီး ပဲ ဖြစ်အောင်
ချက်ခိုင်းထားတာ အခု အရိုးပါလာတယ်တဲ့လား....။

"အဟွတ် Daddy ဟွတ် ''

သူ့ကိုခေါ်ရင်းထပ်ပြီး ချောင်းဆိုးတဲ့ကလေးကြောင့်
အမြန်တစ်ရူးယူပြီး
ပါးစပ်မှာ သုတ်ပေးလိုက်တော့ တံတွေးမှာ
သွေးစလေးတွေပါလာတယ်။

"Daddy ကိုကြည့်စမ်း အရမ်းလည်ချောင်း
နာနေလား ''

"အရမ်းမဟုတ်ပင်မဲ့ နည်းနည်းနာတယ် ''

ဟင်းချက်တဲ့လူတွေဘက်ကြည့်တော့ မျက်နှာကို
အောက်ငုံ့ထားတာများ
သူတို့စောက်သုံးမကျတာ က ကျွန်တော့် Angel
ကို အနာတရ ရစေတယ်လေ .....။

"ဒီဟင်းကို ဘယ်သူချက်တာလဲ ''

မဖြေပဲနဲ့ ဟိူလူကြည့်ဒီလူကြည့်လုပ်နေကြတာပဲ....။

"မင်းတို့အကုန်လုံးမိနစ်ပိုင်းအတွက်အသက်မပျောက်
ချင်ရင် အခုပြော ''

အဲ့ကျတော့မှတစ်ယောက်ထွက်လာတယ် ။

ကျွန်တော် ခုံပေါ်က ခက်ရင်းကို ယူပြီး
လည်ချောင်းကို စိုက်မလို့လုပ်ပင်မဲ့

"Daddy ညစ်ညစ်ပတ်ပတ်တွေမလုပ်နဲ့
Angel ပင်လယ်စာဆက်စားချင်သေးတယ် ''

ဆိုတဲ့စကားကြောင့် ခက်ရင်းကို ပြန်ရုပ်လိုက်ရတယ်
ကျွန်တော့ Angel လေးအစာစားဖို့က အရေးကြီးတယ် လေ ....။

Demon's Angel S-1 (U & Z) Dove le storie prendono vita. Scoprilo ora