Part -9

14.7K 1.3K 54
                                    

ကိုယ်ဝန် ရှစ်ရက်မြောက်နေ့ (မွေးဖွားမဲ့နေ့)

ဒီနေ့ Angel တအားငြိမ်နေသလို မအီမသာ
ဖြစ်နေတဲ့ပုံစံ ပဲ....
အိပ်ရာထဲမှာခွေနေတာ တော်တော်ကြာပြီ မိုးလင်း
ကတည်းက ခွေနေခဲ့တာ အခုထိ...

ဗိုက်က တဖြည်းဖြည်းဖောင်းလာတာ Angel
ကိုယ်ရဲ့အလေးချိန်နီးပါးလောက်တောင်
ဖြစ်နေပြီ
ခါးရိုးတွေက ရောင်ရုံတင်မဟုတ်ဘူးခရမ်းရောင်
ဘက်ကိုတောင် ပြောင်းနေပြီ

နှုတ်ခမ်းတွေလည်း ဖြူဖွေးနေတာပဲ

အော်....ကိုယ်ကြောင့်ဒီကလေးငယ် ဒီလောက်ခံစား
နေရတာမို့ အပြစ်မကင်းသလို ခံစားနေရတယ်

ကာတွန်းကား ကိုမျက်လုံးနဲ့ပဲ လိုက်ကြည့်နေနိုင်တဲ့
Angel လေးက အသက်ရှုဖို့တောင်ခက်ခဲနေသလို...

ဒီည လက သွေးရောင်လွှမ်းမယ်ဆိုတော့
ကျွန်တော် တို့ရဲ့ ကလေးအတွက် ကောင်းတဲ့နမိတ်
ဆိုပင်မဲ့
Angel တွေအတွက်တော့ အဲ့အချိန်က အားနည်း
တဲ့အချိန်မို့လို့ သေချာဂရုစိုက်ဖို့
David ကမှာခဲ့တယ်

ညနေ ၃ နာရီ ထိုးတဲ့အချိန် David လည်းရောက်
လာပြီးကလေးမွေးချင်လာရင်မွေးပေးနိုင်ဖို့
အသင့်စောင့်နေကြတယ်

ရုန်းကန်နိုင်တာကြောင့် ကလေးငယ်ကို ဒီနေ့
မိုးလင်းကတည်းက လက်တွေကို ကုတင်
တိုင်နဲ့တွဲ ပြီး လက်ထိပ်ခတ်ထားရတယ်

ခြေထောက်မှာလည်း ခြေကျင်းတွေနဲ့ ဆိုတော့
ကလေးငယ်တော်တော်စိတ်ရှုပ်နေမှာ ....

ကလေးငယ်က ဘာမှမပြောပဲ အိပ်ရာထဲမှာ
တစောင်းလေးခွေ ပြီး မှေးနေရှာတော့
ပိုပြီး စိတ်မကောင်းဖြစ်ရတယ်

"Angel နေလို့ကောင်းရဲ့လား "

သူ့ဆံပင်အဖြူလေးတွေကို သပ်ပြီး မေးတော့
ခေါင်းလေးသာ ငြိမ့်ပြတယ်

အစားအသောက်တွေလည်း ကျွေးမရတော့သလို
သွေးလည်း လုံးဝတိုက်မရတော့ဘူး

"Daddy "

ဆိုပြီး ကလေးငယ်က အမြဲတော့ ကျွန်တော့လက်ကိုဆွဲ ပြီး သူနဲ့ရှိပေးဖို့​တောင်းဆိုတယ်

David ကြည့်ပြီးစိတ်မကောင်း.....

Angel ဆိုပင်မဲ့ ကလေးသာသာအရွယ်လေး
ဆိုတော့ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်

Demon's Angel S-1 (U & Z) Where stories live. Discover now