Part -14

12.4K 1.2K 69
                                    

နတ်ဆိုးကျင့်စဥ် ကျင့်ဖို့ လုပ်ရမယ်လေ Angel
ကိုကာကွယ်ဖို့ဆိုရင် သူတို့က ပိုပြီးအင်းအား
ပြည့်နေမှ ရမှာလေ

Angel ကို သံကြိုးတွေခတ်တော့ ကလေးငယ်က
ကျွန်တော်ကို ကြည့်နေတယ်
ပြီးတော့ အခန်းရဲ့ ဒေါင့်တွေ အကုန်လုံးမှာ
ကျွန်တော့ ရဲ့သွေးတွေကို ဖောက်ပြီး ပက်ပေးထားခဲ့ရတယ် ကျွန်တော်မရှိတဲ့အချိန် တစုံတစ်ယောက်က
ရောက်လာနိုင်တယ်လေ.....

”Daddy ဘယ်သွားမလို့လဲ ဟင် ”

အလုပ်တွေရှုပ်နေတဲ့ ကျွန်တော်ကို ကုတင်ပေါ်မှာ
ထိုင်နေတဲ့ သူလေးက မေးတယ်

”Daddy ရယ် Lewis ရယ် David ရယ် သုံးယောက်တောထဲ ခဏသွားရမယ် Angel က ဒီမှာ
ပဲ နေခဲ့နော် ”

ခေါင်းလေးငြိမ့်ပြတယ် ပြီးတော့ သူ့ခြေထောက်မှာ
ခတ်ထားတဲ့ ချိန်းကြိုးတွေကို ပြန်ဆော့နေရှာတယ်

သားသားနဲ့ David ကတော့ သေမင်းဝတ်ရုံ
လဲ ပြီးသွားပြီ ကျွန်တော်လည်း သေမင်းဝတ်ရုံ
လဲ ပြီး သားသားတို့နဲ့အတူတူ တောထဲကို ထွက်လာလိုက်တယ်

အိမ်မှန်ကနေ တဆင့် ကျွန်တော်တို့ကို
​လှမ်းကြည့်နေတဲ့ ကလေးငယ်ကိုတွေ့
တော့စိတ်မကောင်းဖြစ်ရသေးတယ်

တောထဲရောက်တော့ ကျွန်တော် တို့ကျင့်နေကြနေရာ ဆိုတော့ ထွေထွေထူးထူး ပြင်ဆင်စရာသိပ်မရှိ ...

ကွင်ပြင်မှာ Satan စည်းတွေကို ဆွဲလိုက်ပြီး
သုံးယောက်က စည်းအတွင်းဝင်ရပ်လိုက်တယ်
ပြီးတော့ Satanic Bible ကိုထုတ်ပြီး
ရှိတဲ့ Demon အပေါင်းကို  ကျွန်တော်တို့
ကျင့်စဥ်မှာ လာရောက် အားဖြည့်ပေးဖို့ခေါ်ရ
တာပေါ့

Demon တွေတင်မကဘူး တောအတွင်းမှာရှိတဲ့ သရဲ
တွေပါ ရောက်ရှိလာကြတယ်

”သားသား ရွတ်ဖတ်စရာ ရှိတာတွေရွတ်တော့ ”

သူတို့လည်း ကျင့်စဥ်ကိုပြီးအောင် ရွတ်စရာရှိတာတွေ
ရွတ်ဖတ် ကြတာပေါ့ ရွတ်နေရင်း နဲ့ပဲ
Angel ရဲ့ အော်သံကို ကြားလိုက်ရတယ်

အလျင်စလိုထွက်ဖို့လုပ်ပင်မဲ့ David က လှမ်းတား
ရှာတယ် အခုချိန်ထွက်လိုက်ရင် သေမှာလေ

Demon's Angel S-1 (U & Z) Where stories live. Discover now