Part -3

18.9K 1.7K 28
                                    

ကျွန်တော့်ကလေး ရဲ့အတောင်ပံတွေကို ကျွန်တော်
ပြန်ရှာပေးချင်တယ် အတောင်ပံ မရှိတဲ့ Angel
က အားငယ်နေရှာမှာပဲ လေ ။

လွန်ခဲ့တဲ့ 3 နှစ်က Haven မှာ တိုက်ပွဲ ဖြစ်ပြီး
ပြုတ်ချလာတဲ့ Fallen Angel လေးပေါ့။

သူက သေအောင်ချစ်ဖို့ကောင်းတာ သူ့ကို
ကျွန်တော် စတွေ့ တုန်းက တရားမဝင် လူကုန်ကူးတဲ့
နေရာမှာပေါ့ သေလောက်အောင် လှတဲ့ သူ့ကို
လိုချင်ကြတဲ့ လူတွေဆိုတာ မနည်း.....

အဲ့တုန်းက ကျွန်တော့ရှေ့မှာပဲ Angel လေးရဲ့
အတောင်ပံတွေကို သူတို့ချိုးပလိုက်တာလေ ။

တချို့က အဲ့လှပတဲ့အတောင်ပံတွေလိုချင်ကြတယ်
တချို့တွေက ကျတော့ Angel လေးကို
လိုချင်ကြတယ် ။

အဲ့ပွဲမှာ ကျွန်တော် Angel လေးကို ရအောင်
ယူလိုက်နိုင်ပင်မဲ့ သူ့ရဲ့ အတောင်ပံတွေကို တော့
တစုံတဦးက ကျွန်တော့ထက်အရင် လက်ဦးသွားတယ်လေ ။

အဲ့တုန်းက ကျွန်တော့ Angel လေးရဲ့
အတောင်ပံ ကို ချိုးခဲ့တဲ့ လူတွေကို
ထုံစံအတိုင်းအပြစ်ပေးခဲ့သေးတယ် ။

ကျောရိုးတွေပေါ်တဲ့အထိ ကြာပွတ်နဲ့ ရိုက်ပြီး
ကားတိုင်မှာ လက်ဝါးလေးကို သံနဲ့ရိုက်
ပြီးတော့ ခြေထောက်တွေကို ပါ သံနဲ့ရိုက်ပြီး
ကျွန်တော့ အိမ်တော် ရှေ့မှာ စိုက်ထားခဲ့တာလေ
Angel ရဲ့ အတောင်ပံတွေကို တောင်ချိုးပစ်နိုင်တဲ့
သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးခေါင်းမှာ သံချွန်တွေ
နဲ့သရဖူးကိုပါဆောင်းပေးလိုက်တယ် ။

မသေမရှင်ဖြစ်ပြီး အကောင်တွေ ဝိုင်းကိုက်လို့
အော်တဲ့အသံကို ကျွန်တော် ညတိုင်း နားထောင်ပြီး
ကျေနပ်နေခဲ့ဖူးတယ် ။

ကျွန်တော့် Angel လေးကို ထိခိုက်ခဲ့တဲ့ လူတွေကို
ကျွန်တော် ကအမြဲတမ်းပြန်ပြီးလက်စားချေနေမှာ
ဆိုတာ အမြဲတမ်းမှန်နေမဲ့အမှန်တရားပါပဲ ။

သူ့အတောင်ပံတွေကိုတော့
ဘယ်သူ ရသွားလဲဆိုတာ စုံစမ်းနေတာ
အတော် ကြာနေပြီ ဆိုပင်မဲ့ အခုထိမသိရသေးဘူးလေ။

”Daddy ”

ကျွန်တော်အတွေးလွန်နေတာနဲ့ ကျွန်တော့
Angel လေးခေါ်မှပဲ သတိရတော့တယ် ။

Demon's Angel S-1 (U & Z) Where stories live. Discover now