မနက်တိုင်း စကားတစ်ခွန်းမှမပြောကြပဲ
အဖေနဲ့အတူ မနက်စာစားခဲ့ရသော
အေးစက်စက်နိုင်လွန်းလှသည့် နေ့ရက်များထက်
Baekhyun နှင့်အတူ စကားစမြည်ပြောရင်း
မနက်စာအတူစားရသည့် နေ့ရက်တွေက
ပို၍ နွေးထွေးသည် ။

ထို့ကြောင့် သူဒီကောင်လေးကို
သံယောဇဥ်လည်း ရိှသလို ချစ်လည်းချစ်၏ ။
အကယ်၍  ကွာရှင်းပြတ်ဆဲ ပြီးသော
အချိန်သို့ရောက်လာခဲ့လျှင်လည်း
သူတို့ကြားထဲမှာ ကောင်းမွန်ပြီး ရင်နှီးတဲ့
ဆက်ဆံရေးတစ်ခု ဆက်လက်တည်တန့်နေဖို့
သူမျှော်မိလင့်တယ် ။

လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့
လူနှစ်ယောက်အတွက် နည်းနည်းရယ်ချင်စရာ
ကောင်းတဲ့ စကားဆိုပေမယ့်  Baekhyun က
သူ့ညီအရင်းလေး တစ်ယောက်လိုပါပဲ ။

ထိုအတွေးနှင့် အတူ Chanyeol ခပ်သာသာ
ပြုံးလိုက်မိပါသည် ။

_
_
_

တရစပ်မြည်နေသော phone ringtone သံကြောင့်
Baekhyun အိပ်နေရာမှ မျက်လုံးပင် မဖွင့်နိုင်သေးပဲ
လက်က စမ်းတဝါးဝါးနှင့် ရှာ၍ ဖုန်းကို ကောက်ကိုင်ကာ
ပါးပေါ် တင်ထားလိုက်သည် ။

' အင်းးးးးး ´

သူရဲ့ အသံက အလွန်တရာပင် လေးလံထိုင်းမှိုင်း
နေပြီး  မျက်နှာတစ်ခုလုံးလည်း ရှုံ့မဲ့၍ နေ၏ ။

ဖုန်းထဲမှ ထွက်ပေါ်လာသော ဆဲရေးသံများသည်
တစ်ယောက်ထဲထံမှ မဟုတ်ပဲ အုပ်စုလိုက်
ဝိုင်းပြောနေကြခြင်းဖြစ်ပြီး  ခုတလော Baekhyun
Game လည်းမဆော့  အရက်သောက်ဖို့ခေါ်လည်း
မရသောကြောင့်  သစ္စာဖောက်စာရင်း အသွင်းခံထားရခြင်း
ဖြစ်သည် ။

ဘယ်လောက်ပဲ မွှန်ထူအောင် ဆဲခံရ ဆဲခံရ
ကြုံနေကျမို့ Baekhyun  မဖြုံတော့ပေ ။
ကုတင်ထက်မှ လေးဖင့်စွာ ထထိုင်ရင်း
ဖုန်းကို ဘေးနားမှာ ချထား၍ သန်းဝေကာ
ငိုက်နေမိသေးသည် ။

ဂျယ်ဂျူးက ပြန်ရောက်ပြီးကတည်းက
တစ်နေ့လုံး အိပ်နေတာမို့ လူက
အီလည်လည်ဖြင့်  မျက်စိဖွင့်နိုင်ဖို့အရေးကို
မနည်း ရုန်းကန်နေရ၏ ။
ဟိုလူကတော့ ပြန်ရောက်လို့ ခဏနားပြီးတာနဲ့
စာရင်းတွေ ပြန်အပ်ဖို့ Company ကို
တစ်ခါတည်းထွက်သွားသည် ။

Marriage   And   Love  ( Completed ) जहाँ कहानियाँ रहती हैं। अभी खोजें