ည ၁၁ နာရီ လက သွေးရောင်လွှမ်းစ အချိန်မှာပဲ
Angel က ထပြီး ဗိုက်နာလာတယ်

"Daddy Angel ဗိုက်ထဲတအားနာတယ် "

ဆိုတဲ့စကားကြောင့် မွေးဖွားဖို့
အသင့်ပြင်ရတော့တာပဲ
ကလေးက ထွက်လာချင်တော့ ဗိုက်ထဲမှာ ဟိုထိုးဒီထိုး
နဲ့တိုးနေတော့ Angel တော်တော်နာနေနိုင်တယ်

Angel ကို ကြည့်လိုက်တော့ ကလေးတောင်
မထွက်သေးဘူး အသက်ကို မနည်းလုရှုနေရတဲ့ပုံ....

တချက်ချက် မျက်ဖြူတောင်လန်ချင်နေပြီ

"Lucas ငါအမှန်အတိုင်း ဝန်ခံရရင် Angel
ဒီညကို ကျော်နိုင်မယ် မထင်ဘူး "

David စကားကြောင့် ခေါင်းကို မိုးကြိုးအစင်း
တရာလောက် ပစ်ချလိုက်သလိုပဲ....

"David သူသာတခုခုဖြစ်သွားရင် ငါလည်း
ကို့ကိုယ်ကို အဆုံးစီရင်ပစ်မှာနော် "

"ငါကြိုးစားပါ့မယ် "

၁၁နာရီခွဲ တဲ့အထိ ကလေးက ထွက်မလာ
သေးဘူး Angel ရဲ့ လက်မှာခတ်ထားတဲ့ သံကြိုး
တွေက Angel ရုန်းတာကြောင့် အသံတွေ ဆူညံ
နေပြီ.....

"Angel Daddy ရှိတယ်နော် ကြားလား "

Angel ကခေါင်းပဲ ငြိမ့်ပြနေတယ်

ခဏကြာတော့ Angel ပါးစပ်ကနေ သွေး
တွေအန်တာမြင်မကောင်း....။

သွေးတွေကြောင့် သူ့အဝတ်တထည်လုံး ပေပွနေပြီ
အပြင်က လ ကိုကြည့်တော့ သုံးပုံ နှစ် ပုံလောက်
သွေးရောင်လွှမ်းပြီးနေပြီ။

"အားးးးးး"

Angel ရဲ့ အော်သံအတူ ကလေးကစပြီးခေါင်း
ထွက်လာတယ်

"Lucas ကလေးခေါင်းထွက်ပြီး မင်းရွတ်စရာရှိတဲ့
ဂါထာ ရွတ်ပြီး Angel ကို ကာကွယ်
ပေးထား "

ကျွန်တော် လည်း Angel လက်လေးကို ကိုင်ပြီး ရွတ်စရာရှိတာတွေ ရွတ်နေတဲ့အချိန် Angel နာကျင်
လွန်းလို့ လက်တွေတုန်နေတာကို သတိထားမိတယ်

နောက်တော့ ကလေးက တဖြည်းဖြည်းချင်ထွက်သလို
Angel ရဲ့ အသက်ရှုသံတွေကလည်း တဖြည်းဖြည်း
နှေးလာတယ်

ကလေးက လုံးဝအပြင်ကို ရောက်တဲ့
အချိန် Angel က လုံးဝအသက်မရှုတော့ဘူး
သူကိုင်ထားတဲ့လက်ကလေးကလည်း မတုန်ယင်တော့ဘူး မျက်လုံးလေးတွေလည်း ပိတ်ချသွားပြီ

Demon's Angel S-1 (U & Z) Where stories live. Discover now