ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် တစ်ကယ်ကို ဝိညဉ်မြင်ရတာပါ။ ပြောရရင် ဝိညဉ်တွေ မမြင်ရတော့တာ တစ်နှစ်ခွဲလောက် ကြာခဲ့တာပေါ့။ အခု ကျွန်တော် ဝိညဉ်တွေ ပြန်မြင်နေရပြီ။ အရင်တုန်းကတော့ ကျွန်တော် နေသားကျခဲ့တယ်။ အခုတော့ ကျွန်တော် ထိုဝိညဉ်မြင်တာကို နေသားမကျခဲ့ဘူး။ အခုဝိညဉ်တွေက အရမ်းဆိုးရွားလို့လား ဆိုတော့မဟုတ်။ ကျွန်တော်ကဘဲ ဆိုးရွားတဲ့ နေရာမှာ ဆိုးရွားတဲ့ ကိစ္စကြုံခဲ့လို့ဘဲလို့ ပြောရမလားဘဲ။

ကျွန်တော် ဝိညဉ်တွေ ပြန်မြင်ရတော့ ဝိညဉ်တွေ ကျွန်တော့်နား ကပ်လာကြတယ်။ ပြောရရင် အကူအညီ လာတောင်းကြတာလေ။ ကျွန်တော်က အရင်တုန်းက အကိုမြင့်မြတ်ကို ကူညီခဲ့ပေးတာကို ဘယ်က ဘယ်လို သိလာလဲတော့ မသိပါ။ တစ်နေ့တစ်နေ့ တစ်မျိုးမျိုးသော ဝိညဉ်တွေ ရောက်လာတတ်တယ်။ ဒါကြောင့် နေသားမကျ ဖြစ်ခဲ့ရတာပေါ့။

ဟုတ်ပါတယ် ကျွန်တော် ၀န်ခံပါတယ်။ ကျွန်တော့်ရဲ့ ဝိညဉ်မြင်ရတာက အကိုမြင့်မြတ်နဲ့ဘဲ အဆုံးသတ်ခဲ့သလို၊ အကိုမြင့်မြတ်နဲ့ဘဲ ပြန်ပြီး မြင်ရလာတာဘဲလေ။

ကျွန်တော်က အကိုမြင့်မြတ်ဆိုတဲ့ တက်သစ်စမော်ဒယ် တစ်ယောက်ကို သူ ဝိညဉ်ဖြစ်‌နေစဉ်မှာ သိခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အကိုမြင့်မြတ်ကို အဆုံးထိ ကူညီပေးခဲ့ရတာပေါ့။ အကိုမြင့်မြတ်ကို ကူညီပေးပြီးတော့ ကျွန်တော်ရဲ့
ဝိညဉ်မြင်ရတာက တစ်ဖြေးဖြေး ပျောက်ကွယ်လာတော့တာဘဲ။ ဘာဆို ဘာတစ်ခုမှကို မမြင်ရတော့တာ။ အရိပ်လိုမျိုးတောင် မတွေ့ရတော့ဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ ဝိညဉ်မြင်ရတဲ့ အမြင်အာရုံရဲ့ အဆုံးသတ်ပေါ့လေ။

ဝိညဉ်ပြန်မြင်ရတာရဲ့ အစက ဒီလို။ ဒါကလည်း အကိုမြင့်မြတ်ကို ကူညီရင်းနဲ့ပါဘဲပေါ့။ အဲ့နေ့က အကိုမြင့်မြတ်က အင်္ကျီဆိုင်ဖွင့်ဖို့ကို ဆိုင်ခန်း အတူတူလိုက်ကြည့်ပါလားလို့ မေးခဲ့တယ်။ အစကတော့ မသွားဘူးလို့ ဆုံးဖြတ်ထားပေမယ့်လည်း ကျွန်တော် သွားခဲ့တယ်။

~~~~~

ထိုနေ့က မိုးရာသီ ဖြစ်တာကြောင့် ကောင်းကင်မှာ မိုးတွေ အုံ့ဆိုင်းဆိုင်း‌ ဖြစ်နေတော့သည်။ သီဟ ဆိုင်ကနေ မထွက်ခင် ချစ်သူဖြစ်သူ ကိုမြတ်မင်းကိုအား လှမ်းခေါ်နေလေ၏။

SOULMATE[Complete]Where stories live. Discover now