Part 13

45 9 0
                                    

#Unicode#

မနက်အစောကြီးမို့ ကားလမ်းမလေးမှာ လူသိပ်မရှိကြ။ ကားအသွား၊ အလာများလည်း သိပ်မရှိကြသေးဘူးလေ။ ထိုချိန် ကားလမ်းမထက်မှာ ကားအကောင်းစားလေး တစ်စီးဟာ မနက်စောစောစီးစီး လျင်လျင်မြန်မြန်ဖြင့် တစ်နေရာရာသို့ သွားနေလေသည်။ ကားထဲမှာလည်း သီချင်းသံက အကျယ်ကြီး ဖွင့်ထားသည်။ ပြီးနောက် ကားမောင်းနေတဲ့သူမှာလည်း အကျယ်ကြီး အော်ဆိုနေတော့၏။ ကားမောင်းနေရင်း ဘေးခုံကို ခဏကြည့်လိုက်သည်။ အဖြူရောင်ထုပ်လေးက အသင့်သား ရှိနေလေသည်။ ထိုသူသည် ထိုအဖြူရောင်ထုပ်ကို ယူလိုက်ပြီး နှခေါင်းနားကပ်ကာ အားရပါးရ ရှူရှိုက်လိုက်သည်။

"ဟာ.......... ဒီအရသာက အရမ်းကို ‌ကောင်းလိုက်တာ" ဟု ပါးစပ်ကနေ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။

ပြီးတာနဲ့ အထုပ်လေးကို ပြန်ထားထားလိုက်ပြီး ကားမောင်းတာကို အာရုံပြန်စိုက်လိုက်သည်။ ထိုအချိန်မှာဘဲ ကားရှေ့သို့ ပန်းရောင်းတဲ့ ကလေးလေး တစ်ယောက် ဖြတ်လာတာကို တွေ့လိုက်ရသည်။ ဒါနဲ့ ထိုသူလည်း ဘရိတ်ကို အုပ်လိုက်ရလေသည်။

"ဟိတ်...... သောက်ကလေး...... ကားတစ်စီးလုံး လာနေတာ မတွေ့ဘူးလား" ဟု ထိုသူမှာ ကားပြတင်းပေါက်ကို ချလိုက်၍ လှမ်းအော်ပြောလိုက်သည်။

ထိုသူ အော်လိုက်ပေမယ့် ကလေးမှာ ကားရှေ့ကနေ ထမလာသေးပါ။ ဒါနဲ့ဘဲ ထိုသူမှာ ကားပေါ်က ဆင်းလိုက်လေသည်။ ပြီးနောက် ထိုကလေးကို သွားကြည့်တော့သည်။

ကလေးလေးမှာ ဒူးပွန်းပဲ့သွား၍ အနာတရဖြစ်ပြီး ထမရဖြစ်နေလေသည်။ ထိုသူမှာ ကလေးလေးကို ကြည့်ပြီး ရွံ့စရာကောင်းတဲ့ ပုံစံမျိုး လုပ်လိုက်သည်။

"ဟိတ်ကလေး.......ငါ့ကား‌ရှေ့ကနေ ဖယ်စမ်း" ဆိုပြီး အေးစက်တဲ့ အသံဖြင့် ပြောလိုက်လေသည်။

ကလေးမှာ ထိုသူကို မော်ကြည့်ရင်း ငို‌သွားလေတော့၏။

ထိုသူမှာ စိတ်ပျက်စရာ အကြည့်ဖြင့် ကလေးကို ကြည့်ပြီးတော့

"ဒီသောက်ကလေးနဲ့မှ မနက်စောစောစီးစီး လာငိုနေတယ်.... ကျက်သရေကို မရှိဘူးကွာ...... " လို့ အေးတိအေးစက် ရေရွတ်လိုက်ပြီး အေးစက်စက် အပြုံးတစ်ခုကို ဖန်ဆင်းလိုက်သည်။

SOULMATE[Complete]Where stories live. Discover now