480 24 3
                                    

#Unicode#

'ည'ဆိုတဲ့ ဒီစကားလုံးတစ်လုံးထဲ တည်ရှိနေတဲ့ အရာကို ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြလဲ။ ညဆိုတာက အရမ်းနက်နဲ မနေဘူးလား။
လူမှာလဲ စိတ်အမျိုးမျိုးဆိုတော့ အဓိပ္ပယ်ဖွင့်ဆိုချက်က အများကြီး ဖြစ်နေမှာပေါ့။ 'ည'ဆိုတဲ့စကားလုံးကို တိတိကျကျဖော်ပြဖို့ သိပ်ခက်တယ်။ 'ည'ဆိုတာက 'ည'ပါဘဲ။ ဒါပေမယ့် အဲ့'ည'ဆိုတဲ့ စကားလုံးမှာ အရမ်းနက်နဲတဲ့ အဓိပ္ပာယ်‌တွေရှိ‌နေတယ်။

'ည'ပေါ့။ ထိုအရာကို ကဗျာဆရာတွေက အေးချမ်းတဲ့ညလို့ တင်စားကြတယ်။ ကဗျာဆရာတွေကလည်း တစ်ယောက်‌နဲ့တစ်ယောက်မတူဘူး။ တစ်ချို့ကြတော့ သာယာအေးချမ်းတဲ့ညအဖြစ် ဖန်တီးကြတယ်။ တစ်ချို့ကြတော့လည်း ကြောက်စရာကောင်းတဲ့ညအဖြစ် ဖန်တီးကြတယ်။ မဟုတ်လို့လားဆိုရင်လည်း မဟုတ်ဘူး။
တစ်ခါပြန်ပြီးတွေးကြည့်ရင်လည်း ဟုတ်နေပြန်တယ်။

သာယာအေးချမ်းတဲ့ည ဆိုတာ ဘာကိုပြောချင်တာလဲ။
ဘာကိုဆိုလိုချင်တာလဲ တွေးကြည့်ခဲ့ဖူးလား။ ကျွန်တော်ကတော့ ပြောရရင် မတွေးကြည့်ခဲ့ဖူးပါ။ ဆယ်တန်းတုန်းက စာစီစာကုံးရေးမယ်ဆိုလို့သာ စိတ်ကူးယဉ်ခဲ့ဖူးတာ။ တစ်‌ကယ်ဘဲ ကဗျာဆရာတွေ ဖန်တီးခဲ့တဲ့ အေးချမ်းတဲ့ ညဆိုတာရှိခဲ့ဖူးတာလား။
ကျွန်တော်‌ တွေးမိတယ်။ စိတ်ကူးယဉ်မိတယ် ဘယ်လိုတွေ များလဲပေါ့။ ကဗျာဆရာတွေက အရင်က တောတောင်ဘက်မှာ နေကြတာမလို့လား‌ ဆိုပြီး တွေးခဲ့မိတယ်။
တစ်ကယ်လည်း ဟုတ်ပါတယ်။ သာယာအေးချမ်းတဲ့ည ကိုကဗျာဖွဲ့ထားတာတွေမှာ သစ်ပင်လေးတွေ လှုပ်သံ၊ အကောင်လေးတွေ မြည်တဲ့အသံဆိုပြီး ဖော်ပြထားကြတာ။
တစ်ကယ်ရှိခဲ့လို့နေမှာပေါ့။

ကြောက်စရာကောင်းတဲ့ည ကြတော့ရော ဘာများကွာခြားသွားလို့လဲ။ ကွာခြားတာပေါ့ လုံး၀ကို ကွာခြားတာပေါ့။ ဒီနေရာမှာ တစ်ခုပြောရရင် အရင်ကကဗျာဆရာတွေကို ခုခေတ်မှာနေခိုင်းကြည့်ပါလား၊ သူတို့လည်း ကြောက်စရာကောင်းဖွယ် ညလို့ဘဲ ခေါင်းစဉ်တပ်ကြမှာ အမှန်ပင်။ အရင်က ကြောက်စရာကောင်းတဲ့ည ဆိုတာ အရမ်းကြီးမဆိုးခဲ့ဘူး။ ဘယ်လို မဆိုးတာလဲဆိုတော့။
ညဘက် ကလေးတွေမထွက်အောင် ညအမှောင်မှာ သရဲရှိတယ်တို့၊ အရူးဖမ်းခေါ်တတ်တယ်တို့ ဝိညာဉ်ပူးတတ်တယ်ဆိုတဲ့ ယုံတမ်းစကားတွေဘဲလေ။

SOULMATE[Complete]Where stories live. Discover now