Part 9

42 11 0
                                    

#Unicode#

ခဏကဘဲ ဖက်နေတဲ့သူက ရုတ်တရက်ကြီး ပျော့ခွေလဲသွားတာကြောင့် သက်ရှိုင်းကိုမှာ အံ့အားသင့်ပြီး ကြည့်နေလေတော့သည်။

"ခင်ဗျား ဘာကြည့်နေတာလဲ......" ဟု မြတ်မင်းကို တစ်ယောက် သက်ရှိုင်းကိုအား အော်ပြောလိုက်လေသည်။

"ဘာမှ မဟုတ်ပါဘူး..... ရုတ်တရက်ကြီး လဲကျသွားတာဆိုတော့" လို့ သက်ရှိုင်းကို မရဲတရဲဖြင့် ပြန်ဖြေလိုက်သည်။

"လဲကျမှာပေါ့ ကားတိုက်ခံထားရတဲ့ လူတစ်ယောက်လုံးကို ဆေးရုံမပို့ပေးဘဲနဲ့ ပါဆယ်တောင် သွားပို့ခိုင်းထားတာကိုများ"

"ဘာ...... ကားတိုက်ခံထားရတယ်" ဟု သက်ရှိုင်းကို တစ်ယောက် အော်ပြောလိုက်လေ၏။

"ဟုတ်တယ်.......ကျွန်တော် ဆေးရုံကို ခေါ်သွားလိုက်တော့မယ်...... ခင်ဗျားလည်း သွားတော့လေ" ဟု မြတ်မင်းကိုက အော်ပြောလိုက်မှ သက်ရှိုင်းကိုလည်း ထိုနေရာလေးမှ ခပ်သွက်သွက်လေး မောင်းထွက်လာလိုက်သည်။

ဆိုင်ကယ်မောင်းနေရင်း သက်ရှိုင်းကိုမှာ နောက်ကို ခဏလှည့်ကြည့်လိုက်လေသည်။ မြတ်မင်းကိုမှာ သီဟကို ထွေးပွေ့ပြီး ကားထဲကို ခေါ်သွားတာ တွေ့လိုက်ရလေသည်။ ပြီးမှ သက်ရှိုင်းကို တစ်ယောက် ရှေ့ပြန်လှည့်ကာ ဆိုင်ကယ်မောင်းတာကို အာရုံစိုက်လိုက်လေသည်။

ထိုအချိန်မှာဘဲ မြတ်မင်းကိုရဲ့ ကားလေးဟာ သက်ရှိုင်းကိုဘေးကနေ ဖြတ်သွားတော့သည်။ သက်ရှိုင်းကို ကားလေးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သက်ရှိုင်းကိုမှာ သီဟ အဆင်များ ပြေလိမ့်မလား ဆိုပြီးတွေးနေလေသည်။

"ဘာမှ စဉ်းစားမနေနဲ့ သက်ရှိုင်းကို.... မင်းသူ့ကို သူ့‌ကောင်လေးလက်ထဲ ပို့ပေးခဲ့ပြီဘဲ" ဆိုကာ သက်ရှိုင်းကိုမှာ ကိုယ့်ကိုယ်ကို တွေးနေလေသည်။

နောက်တော့ "အဲ့တစ်ယောက်က သူ့ကောင်လေးကော ဟုတ်ပါ့မလား...... ကားတိုက်ခံထားရတာကော ဟုတ်ပါ့မလား.... ဒဏ်ရာတွေက ကြီးကြီးမားမားမှ မရှိတာ။ ပြီးတော့ ခဏက အဲ့တစ်ယောက် သူ့ကို ထိလိုက်တာနဲ့ သူက ငေါက်ခနဲ မေ့လဲကျသွားတော့တာလေ။ တို့ဆေးနဲ့များ တို့လိုက်တာများလား..... ဒါဆို သူ့ကောင်လေး မဟုတ်ဘဲ လူမိုက်အဖွဲ့ကများလား" ဟု သက်ရှိုင်းကို ထပ်တွေးပြန်လေသည်။

SOULMATE[Complete]Where stories live. Discover now