Part 20

47 9 1
                                    

#Unicode#

ဂျွန်နီ တစ်ယောက် ဝေယံလင်းထွန်း အိပ်ပျော်၊ မပျော်သည်ကို စောင့်ကြည့်နေလေသည်။ တော်တော်လေး ကြာတော့ ဝေယံလင်းထွန်းမှာ မျက်လုံးလေး မှေးစင်းရင်း လုံး၀ အိပ်ပျော်သွားတော့သည်။ ဂျွန်နီလည်း ဝေယံလင်းထွန်း တစ်ကယ် အိပ်ပျော်၊မ‌ပျော် သေချာအောင် ဝေယံလင်းထွန်း၏ မျက်နှာရှေ့တွင် လက်ကလေး ပြကြည့်လိုက်လေသည်။ ဝေယံလင်းထွန်းမှာ အိပ်နေရင်း ပါးစပ်ကနေ ဝါးနေလေ၏။ ကြည့်ရတာ ဝေယံလင်းထွန်း တစ်ယောက် စင်းလုံးချော အိပ်ပျော်သွားလေပြီ။

"ဟူး...... အရင်က လက်ကျန် ဆေးထုပ်လေး ကယ်ပေလို့သာပေါ့" လို့ ဂျွန်နီမှာ သက်ပြင်းကလေးချကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ဂျွန်နီ တစ်ဖက်သို့ လှည့်လိုက်ပြီး ဘောင်းဘီ အိတ်ကပ်ထဲက ကြိုးမဲ့ နားကြပ်လေး တစ်ခု ထုပ်လိုက်ကာ နားတွင် တပ်လိုက်သည်။ ပြီးနောက် ဘောင်းဘီ နောက်အိတ်ကပ်ထဲက ဖုန်းလေးကို ထုတ်လိုက်ပြီး တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်လေသည်။

"ဟယ်လို ကြားရလား" ဟု ဂျွန်နီ ပြောအပြီးမှာ တစ်ဖက်က ပြန်ဖြေလာတော့သည်။

"အကိုမြင့်မြတ်ရေ.... အဆင်ပြေရဲ့လား......." ဆိုပြီးတော့ပေါ့။

ဂျွန်နီ တစ်ဖြစ်လည်း ခဏတာ သရုပ်ဆောင်လိုက်သည့် မြင့်မြတ်မှာ ပန်း၀င်သွားတဲ့ ကစားသမား တစ်ယောက်လို အပြုံးမျိုး ပြုံးလိုက်လေတော့သည်။

ဘာကြောင့်နဲ့ ဘယ်လို မြင့်မြတ်က ဝေယံလင်းထွန်းရဲ့ အခန်းထဲကို ရောက်နေရတာလဲ။ မြင့်မြတ် ဖုန်းပြော‌နေတာက ဘယ်သူနဲ့လဲ။ ဒီအရှုပ်တွေ ရှင်းသွားအောင် ‌နောက်ကြောင်း ပြန်ကြည့်လိုက်ရအောင်။

....................................

မနေ့က မနက်ပိုင်း သီဟတို့ရဲ့ ဆိုင်လေးထဲတွင် လူလေးယောက် ခေါင်းချင်းဆိုင်ပြီး ကိစ္စတစ်ခုကို ဆွေးနွေးနေကြလေသည်။

"ဘယ်လို သက်သေရှာကြမလဲ....." ဟု သက်ရှိုင်းကိုမှ ထပြောလေတော့သည်။

"နည်းလမ်း တစ်ခုတော့ ရှိမှာပါ...... အကို..... မရှိဘူးဆိုပြီးတော့ လက်လျော့လို့မှမရတာ.....အစွမ်း စဉ်းစားရမှာဘဲပေါ့" ဆိုကာ
သီဟကမှ သက်ရှိုင်းကိုအား ပြန်ပြောလိုက်လေသည်။

SOULMATE[Complete]Место, где живут истории. Откройте их для себя