' လည်ဂုတ်ကိုမဖိနဲ့ကွ   နာတယ် ခွေးသားလေးရဲ့ ´

Baekhyun သည် တိုး၍ တစ်သွယ် ကြိတ်၍ တစ်သွယ်
ဝိုင်းနှိပ်စက်နေကြသော မကောင်းစလောင်းတွေရဲ့
လက်တွေကို ခပ်ကြမ်းကြမ်း ဖယ်ပစ်လိုက်ပြီး
အရှေ့ စားပွဲပေါ်မှ Cass ဘီယာဘူးကိုသာ လက်လှမ်း
လိုက်သည် ။

ထို့နောက်  ဆိုဖာပေါ် မှီချရင်း တစ်ငုံသောက်ပစ်လိုက်တော့
ပြင်းရှရှ အရသာက ရင်ထဲအထိ ပူပါသွား၏ ။
သောက်ချင်လာရင် Baekhyun တို့က
မနက်အစောကြီးဘာညာရွေးမနေပါ ။

' အားနာဖို့ကောင်းတယ်လေ
သူက အလုပ်နဲ့အကိုင်နဲ့
အိပ်ချိန်တန်မအိပ်ရရင်ပင်ပန်းမှာပေါ့  ´

' အော် Byun Baekhyun အားနာတတ်တဲ့ နေ့လည်း
ရောက်လာသေးတာပဲ
အဲ့လို အားနာနေရင်လည်း အခန်းခွဲအိပ်လေ ´

' ဟေ့ကောင် ဟေ့ကောင်
ရခါစ အတွဲလေးကို  မင်းကိုယ်ချင်းမစာမနာမပြောပါနဲ့ဟ ´

ရယ်သံတွေ တသောသောညံသွားတာမို့
Baekhyun လက်ခလယ်တစ်ချက်
သေသေချာချာ ထောင်ပြခဲ့ပြီး  ဂျုံအင့်အခန်းထဲ
Cass တစ်ဘူးကိုင်ရင်းဝင်လာခဲ့တော့သည် ။
နောက်မှ ဂျုံအင် လိုက်လာသည်ကိုလည်း မြင်၏ ။

' ငါ့ Tablet ရော ?  ´

' စားပွဲပေါ်မှာ ရိှမှာပေါ့  နည်းနည်းပါးပါးရှာကြည့်လေ !
လူကို မေးဖို့ပဲ တတ်တာလား ´

Baekhyun သည် Jong in ၏ ဗိုက်ကို တစ်ချက်
လက်သီးဖြင့် ဝိုက်ထိုးခဲ့ပြီး စာအုပ်ပေါင်း
သောင်းခြောက်ထောင်နှင့် ရှုပ်ပွ ဖွာလန်ကြဲနေသော
စားပွဲထက်တွင် သူ့ Digital drawing tablet လေးကို
ရှာရတော့သည် ။

Jong in ကမူ အောင့်သွားသော ဗိုက်ကြောင့် ပုစွန်တစ်ကောင်လို ကွေးပြီး အိပ်ယာထက် လှဲချသွားသော်လည်း  ဟန်ဆောင်ကာ မူပိုနေခြင်းဖြစ်ကြောင်းသိသာလှ၏ ။ သူတို့ယောကျ်ားလေးတွေအတွက် ဒီလောက် အားလေးဟာ စ နောက်ရုံ သက်သက်သာဖြစ်သည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jong in ကမူ အောင့်သွားသော ဗိုက်ကြောင့်
ပုစွန်တစ်ကောင်လို ကွေးပြီး အိပ်ယာထက် လှဲချ
သွားသော်လည်း  ဟန်ဆောင်ကာ မူပိုနေခြင်းဖြစ်ကြောင်း
သိသာလှ၏ ။ သူတို့ယောကျ်ားလေးတွေအတွက်
ဒီလောက် အားလေးဟာ စ နောက်ရုံ သက်သက်သာဖြစ်သည် ။

Marriage   And   Love  ( Completed ) Where stories live. Discover now