ဟုန်လေ့ ခေါင်းတွေ ပူအောင် ဆင်ခြေရှာနေသည် .. လက်တခါခါ လည်တခါခါနဲ့
"အာ .. မဟုတ် .. မဟုတ်ဖူးလေ .. မင်း ... မင်းကလည်း နဖူးလေးလောက် နမ်းမိတာကို .. ကလေး .. ဟုတ်တယ် .. ကလေးလေးတွေဆို ချစ်စရာကောင်းရင် နမ်းမိကြတာပဲလေ .. မင်းက ကလေးလို ချစ်စရာကောင်းနေတော့ ဒီအတိုင်း တိုင်း .. "

"ဘာခုမှ ကလေးတွေ လူကြီးတွေ လာလုပ်နေတာလဲ"
စားပွဲတဖက်မှာရှိနေတဲ့ရန်ကျင့်ရဲ့ အသံက သူ့နောက်က ထွက်လာတော့ လန့်ကာ ဇွန်းပါ လွတ်ကျသွားသည် ..

တုန်နေသော ပုခုံးကိုကိုင်ကာ ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်စေကာ . .

"လေ့ . . နားထောင် .. ငါက မင်းကိုချစ်နေတာ ကြာပြီ .. ဘယ်တုန်းကမှန်း မသိတော့ပေမယ့် ငါသိတဲ့အချိန်မှာ တော်တော်တောင် နက်နက်ရှိုင်းရှိုင်း ချစ်မိနေပြီ .. ကောမင်မင်းကို လိုက်နေတုန်းက မင်းလက်မခံနိုင်မှာစိုးလို့ အရိပ်အချေကြည့်ပြီး ဖြည်းဖြည်းချင်းမှ ပြောဖို့ စဉ်းစားထားပေမယ့် မနေ့က မင်းကို ပျောက်သွားတဲ့အချိန်မှာ ငါအရှင်လတ်လတ် ငရဲ ကျသလိုပဲ .. မင်းကို ဆုံးရှုံးလိုက်ရတော့မယ်ဆိုတဲ့ ခံစားချက်ကြီး ငါတကယ်ပဲ နောက်တခါ မခံစားချင်ဘူး .. မင်းမရှိပဲ ငါမနေနိုင်ဘူး .. အဲ့တာကြောင့်"

"လေ့ ....... ငါ့ကို လက်ခံပေးပါ .. "

"အား .. အားကျင့် .. အဲ့တာက"

ရင်ဘတ်ကို လက်ဖြင့် တွန်းထားကာ မယုံနိုင်သော မျက်ဝန်းများနဲ့ ကြည့်နေသော ဟုန်လေ့အမူအရာကြောင့် ရန်ကျင့် အသက်ရှူကြပ်လာသည် .. သူ လက်မခံနိုင်သေးတာလား

စကားပြောဖို့ ပါးစပ် ပြင်နေသော ဟုန်လေ့ကို .. ဇွတ်ဖြတ်ပြောကာ ..

"မင်းမချစ်သေးလည်း ရတယ် .. ငါ့ကို မငြင်းနဲ့ .. ငါနည်းနည်းတော့ စောင့်ပေးနိုင်တယ်" ရန်ကျင့်က နှုတ်ခမ်းကိုကိုက်ကာ တွန့်ဆုတ်စွာ ပြောလိုက်သည် .. ရန်ကျင့်ရဲ့ ပါပီလေးလို မျက်ဝန်းကို ရင်ဆိုင်လိုက်ရသော ဟုန်လေ့မှာ ပြောရမှာတောင် တွန့်သွားသည် ..

"အွန်း ငါစဉ်းစားဦးမယ် .."
"အွန်း မကြာစေနဲ့ .. ဘယ်လောက်စောင့်ရမလဲ
"ဘယ်လောက်စောင့်ပေးနိုင်လဲ"
ရန်ကျင့် မျက်မှောင်ကုတ်ကာ အသည်းအသန် စဉ်းစားနေပြီးမှ ..
"နှစ်နာရီလောက်ပေါ့"
" ...... "

The Stranger I love (System)Where stories live. Discover now