သူစိတ်ဆိုးနေတာကြောင့် အိမ်ရောက်တဲ့အထိ hyungက ဘာမှဆက်မပြောဘဲ ငြိမ်နေတယ်....

အိမ်ရောက်တော့ သူအခန်းထဲကို တန်းဝင်လာတော့ hyungက သူ့နောက်ကနေ အခန်းထဲကို လိုက်ဝင်လာတာကြောင့် နည်းနည်းတော့ကျေနပ်သွားတယ်.....

"တမင်လိုက်ပို့တာတော့မဟုတ်ပါဘူး~
ထယ်ယောင်းရယ်...အပြန်နောက်ကျရင်
ဌာနမှူးမင်ကို သူ့ရည်းစားဟောင်းက လိုက်နှောင့်ယှက်တယ်ဆိုလို့ လိုက်ပို့တာပါ...."

ကုတင်ပေါ်မှာလှဲနေတဲ့ သူ့ဘေးမှာထိုင်ရင်း hyungကဖြေရှင်းချက်ပေးတယ်....

"နောက်တစ်ခါထပ်မဖြစ်စေရပါဘူး...
ထယ်ယောင်းမကြိုက်ရင် hyungနောက်မပို့တော့ဘူးလေနော်...."

ပြောနေရင်း သူ့ရင်ခွင်ထဲကို hyungက တိုးဝင်လာတယ်....

"hyungကို ကျွန်တော် သဝန်တိုတယ်.... နောက်မလုပ်နဲ့တော့နော်......"

"နောက်မဖြစ်စေရဘူး.....စိတ်မဆိုးနဲ့တော့နော်...."

hyungက သူမေးဖျားကို နမ်းရင်းကတိပေးတယ်.....အခုလိုကိုယ့်ခံစားချက်ကို ရိုးရိုးသားသားပြောလိုက်တာ့လည်း အဆင်ပြေသွားတာပဲ....

ဂျီမင်းပြောသလို ကိုယ့်ခံစားချက်ကို
သိအောင်ဖွင့်ပြောတာလည်း ကောင်းသားပဲလို့ ထယ်ယောင်းတွေးမိတယ်....

လူနှစ်ယောက်ရဲ့ဆက်ဆံဆက်ဆံရေးမှာ အချစ်အပြင် နားလည်မှုနဲ့ ရိုးသားမှုဆိုတာကလည်း လိုအပ်တယ်မဟုတ်လား....

Section-2

အချိန်ကုန်တာ အရမ်းမြန်တယ်လို့ပဲပြောရမယ်ထင်တယ်....သူတို့ Designဆွဲပေးခဲ့တဲ့
Libra JK Hotel Projectတောင် operation စတော့မယ်.....

(Remark-construction projectတွေမှာ operationစတယ်ဆိုတာ ဆောက်လုပ်ရေးပြီးသွားလို့  hotelအဖြစ်ဧည့်သည် စလက်ခံတာကိုပြောတာပါ)

စိတ်ရော ကိုယ်ရောနှစ်ပြီး ကြိုးစားခဲ့ရတဲ့ Designလေး အခုလိုလှလှပပနဲ့ ပြီးသွားတာကို တွေးမိတိုင်း စိတ်ထဲမှာအရမ်းကျေနပ်မိတယ်...

သူ့Architectဘဝရဲ့ ပထမဆုံး Hotel Design မဟုတ်လား...

ဒီProjectအတွက် Designဆွဲပေးရတာကို သူ အမြဲတမ်းအမှတ်ရနေတော့မှာ....

Close to you(Completed)Where stories live. Discover now