Chapter-16

2.8K 389 56
                                    

Unicode

Section-1

"Kim Groupနဲ့ Pixer Group ရွှေလမ်းငွေလမ်းဖောက်ကြတော့မှာလား...."

မနက်ပိုင်းမှာတွေ့လိုက်ရတဲ့ သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာပါလာတဲ့ သတင်းတစ်ခု.... Dinnerပွဲတစ်ခုမှာ ထယ်ယောင်းနဲ့ Pixer Groupရဲ့ သမီးဖြစ်သူမိန်းကလေးတို့ ရင်းနှီးစွာစကားပြောနေပုံကို ထည့်ထားပြီးတပ်ထားတဲ့ ခေါင်းစဥ်ကလည်း ဘာလိုလိုနဲ့..

စိတ်မကြည်စွာနဲ့ သတင်းစာက ဓာတ်ပုံကိုထပ်ကြည့်မိတော့ မြင်လိုက်ရတဲ့
ထယ်ယောင်းရဲ့ အပြုံးကတွေလိုတာထက်ပိုနေသလားလို့...

သဝန်တိုတာက သူ့styleမဟုတ်ပေမယ့် ဒီလိုမျိုးသတင်းထွက်လာတဲ့အခြေအနေမှာ နည်းနည်းတော့စိတ်တိုတယ်...

Mediaသမားတွေဆိုတာ တစ်စိတ်ကို
တစ်အိတ်လုပ်တတ်တာမျိုးဆိုပေမယ့်
တစ်စိတ်ကတော့ တကယ်ရှိနေလို့ပဲမဟုတ်လား....

တွဲလာတဲ့ ၂နှစ်သက်တမ်းအရ ထယ်ယောင်းကိုတော့ ယုံပေမယ့် ပြောင်းလဲလွယ်လွန်းတာ လူ့စိတ်ပဲမဟုတ်လား....

အချိန်ကြည့်လိုက်တော့ နေ့လည် ၁၁နာရီ...ထယ်ယောင်းဆီ phoneခေါ်ဦးမှ......

"ဟယ်လို~ထယ်ယောင်းလား....."

"ကျွန်တော်နောက်မှပြန်ဆက်လိုက်မယ်နော်~hyung...."

ပြောပြီးတာနဲ့ ထယ်ယောင်းကတစ်ခါထဲ ဖုန်းချသွားတော့တယ်...

အလုပ်များနေတာကို နားလည်ပေမယ့် တစ်ခါမှ ဒီလိုမကြုံဘူးတာကြောင့် သူ့စိတ်ထဲကသိကအောက်နဲ့....

ဘာမဟုတ်တာလေးကို ဟိုဟိုဒီဒီတွေးနေမိတဲ့ သူ့ကိုယ်သူလည်း စိတ်တိုမိတယ်....

နောက်ဆုံးတွေးမိတာက ဒေါသတကြီး တုံ့ပြန်တာထက် ကိုယ့်လူကိုယ်သေချာထိန်းတာကပိုကောင်းမယ်ဆိုတာ......ရုတ်တရက်ပေါ်လာတဲ့ အတွေးကြောင့် သူသဘောတကျခေါင်းငြိမ့်မိတော့တယ်..

Section-2

"ဂျီမင်းoppa.....ချယ်ဝန်းကို ဒီဟာလေးဆက်ဆွဲဖို့ guide lineပေးပါဦး...."

အခုရက်ပိုင်း ထယ်ယောင်းနဲ့ ယွန်ဂီhyungက လက်ထပ်ပွဲအတွက်ပြင်ဆင်နေတာကြောင့်
ဂျီမင်းအလုပ်များနေတယ်....ဖြစ်နိုင်ရင်
အခုလိုအချိန်မှာ  အလုပ်တစ်ခုကိုနှစ်ခါမလုပ်ချင်ဘူး....

Close to you(Completed)Where stories live. Discover now