Chapter-11

3.2K 438 55
                                    

Unicode

Section-1

"ငါလိုက်ခဲ့ပေးမယ်လေ ဂျီမင်း....."

"နေခဲ့ပါကွာ....ယွန်ဂီhyungလည်း
နေမှမကောင်းတာကို ထယ်ယောင်းရယ်....."

"မင်းကိုလည်း ငါစိတ်မချဘူးကွ..."

စိတ်မချသလိုပြောနေတဲ့ ထယ်ယောင်းကို
ကြည့်ပြီး ဂျီမင်းရယ်လိုက်မိသည်။

"စိတ်မချရအောင် ငါက ကလေးလားကွ...."

"မင်းတစ်ယောက်ထဲ သွားရမှာ ငါစိတ်ပူတယ်
ဂျီမင်းရ...."

"ဂျောင်ဂုပါမှာလေကွာ....ပြီးတော့ အခုမနက်သွားပြီး ညနေပြန်လာမှာကို...."

ဒီတစ်ခါတော့ ထယ်ယောင်းက ဘာမှ ဆက်မပြောတော့....

flash back

ဒီရက်ပိုင်း ယွန်ဂီhyung နေသိပ်မကောင်းတာကြောင့် Tradexမှာ ရုံးမတက်နိုင်ဘဲ
အိမ်မှာသာ အလုပ်လုပ်နေရတယ်...

ယွန်ဂီhyungက သာမန်ချောင်းဆိုးနှာစေးဖြစ်တာဆိုပေမယ့် စိတ်မချဘူးတဲ့
ထယ်ယောင်းဟာ လူနာစောင့်လုပ်နေတယ်...

Libra JK Projectကလည်း စ runနေပြီဆိုတော့ သူတို့ Genius Groupက Architectတစ်ယောက်တော့ ပုံမှန်Tradex
ရုံးချုပ်မှာ ရှိသင့်တာကြောင့် ဂျီမင်းကတော့
ရုံးသွားဖြစ်သည်.....

ယွန်ဂီhyungက သူနေမကောင်းတာကြောင့် ရုံးမတတ်နိုင်ကြောင်း phoneဆက်တော့ ရုံးကို ဂျီမင်းတစ်ယောက်ထဲ လာရမှာကို သိသွားတဲ့ ဂျောင်ဂုဟာ နေ့တိုင်း အကြိုအပို့လုပ်ပေးခဲ့တယ်။

Tradexကို ရောက်တော့ မနက်၈နာရီခွဲပဲ
ရှိသေးတယ်.....

ဂျီမင်းရုံးခန်းထဲမှာ အလုပ်လုပ်နေတုန်း တံခါးခေါက်သံကြားလိုက်ရတယ်....

"ဒေါက်....ဒေါက်.....ဒေါက်...."

"ဝင်ခဲ့ပါ........"

တံခါးပေါက်ကို ကြည့်လိုက်တော့ ဂျောင်ဂု...

"သြော် ဂျောင်ဂု......."

အလုပ်ကိစ္စမရှိပဲ သူ့ရုံးခန်းကို မလာတတ်တဲ့ ဂျောင်ဂုဟာ တစ်ခုခုပြောစရာရှိနေတဲ့ပုံ.....

"ကျွန်တော်တို့ Jelju-doကို သွားရမယ်ထင်တယ်...hyung"

"ပြဿနာတစ်ခုခုဖြစ်လို့လား ဂျောင်ဂု....."

Close to you(Completed)Where stories live. Discover now