Chapter-3

3.7K 514 57
                                    

Unicode

Secion-1

ဂျီမင်း အမေတို့အိမ်ကနေပြန်လာတော့ ည၈နာရီကျော်နေပြီ။

"ပြန်ရောက်ပါပြီ"

"ညစာစားပြီးပြီလား ဂျီမင်း"

"အိမ်ကစားခဲ့ပြီ hyung~hyungရော စားပြီးပြီလား"

"စားပြီးပြီ ဂျီမင်းရဲ့~ထယ်ယောင်းနဲ့ အတူစားလိုက်တယ်"

တယ်ဟုတ်ပါလား....ကင်ထယ်ယောင်းက~
ဂျီမင်းတွေ့ရသလောက် ထယ်ယောင်းဟာ
ယွန်ဂီhyung စိတ်အနှောင့်အယှက်
ဖြစ်အောင် ဘာမှမလုပ်။ ဒါကြောင့် hyungကလည်း ထယ်ယောင်းနဲ့ ပြောဆိုဆက်ဆံရတာကို စိတ်သက်သာပုံပင်။

ဂရုတစိုက်တော့ ရှိပေမယ့် hyungအနေရခက်လောက်တဲ့ အပြုအမူမျိုးကို မလုပ်တဲ့ ထယ်ယောင်းရဲ့ နည်းဟာ အကျိုးရှိပုံရတယ်။

"ဒါနဲ့ ဂျီမင်းနာမည်နဲ့ ပါဆယ်ရောက်လာလို့ hyung လက်ခံထားတယ်~ဒီမှာ"

"ပါဆယ်......."

ဇဝေဇဝါနဲ့ hyungလက်ထဲက ပါထယ်ထုပ်ကို ယူကြည့်လိုက်သည်။

"ကျွန်တော် မှာမထားဘူး hyungရဲ့"

"ဟုတ်လား...ပစ္စည်းဖိုးရော deliveryခရော ရှင်းပြီးသားလို့ပြောတယ်.....ဂျီမင်း မမှာထားဘူးဆိုရင် ဘယ်သူကများပို့တာပါလိမ့်.......
ဒီမှာပဲဖောက်ကြည့်ပါလား ဂျီမင်း"

အခန်းထဲမှာ တစ်ယောက်ထဲဖောက်ကြည့်ရင်
အန္တရာယ်ဖြစ်မှာစိုးတဲ့ hyungကအကြံပေးသည်။

"ဟုတ်ကဲ့ hyung~ဒီမှာပဲ ဖောက်ကြည့်လိုက်မယ်"

"ပြန်ရောက်ပြီလာ ဂျီမင်း"

ပါဆယ်ဖောက်ဖို့ပြင်နေတုန်း ထယ်ယောင်းက မေးတယ်။

"အေး ပြန်ရောက်ပြီ"

ထယ်ယောင်းကို ပြန်ဖြေရင်း ပါဆယ်ထုပ်ကိုဖောက်လိုက်တယ်။ ပါဆယ်ရဲ့ sizeနဲ့ weightအရဆိုရင် ပစ္စည်းကတော့ သေးသေးကွေးကွေးတော့မဟုတ်.....

"ဝါး.........ဒါမင်းလိုချင်နေတဲ့ laptop မဟုတ်လား ဂျီမင်း"

ASUS Rog Zephyrus G14 Laptop
အနက်ရောင်လေးကို ကြည့်ပြီး ထယ်ယောင်းကအလန့်တကြားအော်တယ်။

Close to you(Completed)Where stories live. Discover now