Chapter-7

3.3K 437 40
                                    

Unicode

Section-1

presentationလုပ်ပြီး တစ်ပတ်အကြာမှာပဲ
Tradexနဲ့ Genius groupတို့ Libra JK Projectအတွက် တရားဝင်စာချုပ်ချုပ်ဖြစ်ခဲ့ကြသည်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို Mediaတွေမှာပါ ​ကြေညာတာကြောင့်
လူသိများတဲ့ ပူးပေါင်းလုပ်ကိုင်မှုတစ်ခုဖြစ်ခဲ့သည်။

စာချုပ်ချုပ်ပြီးနောက်ရက်မှာတော့ လုပ်ငန်းစတင်ဖို့အတွက် အစည်းအဝေးတစ်ခုကိုကျင်းပဖြစ်ခဲ့သည်။

"hyungတို့ဘက်က Designပိုင်းအတွက် အားလုံးပြင်ဆင်ပြီးနေပြီဆိုတော့ အခုကစပြီး detailပိုင်းကို ကျွန်တော်တို့ဘက်က supportလုပ်ပေးဖို့ စီစဥ်ထားတယ် hyung"

Libra  JK Hotel Projectအတွက် ယွန်ဂီတို့ သုံးယောက်အတူ Tradexရဲ့ ရုံးချုပ်ကိုလာခဲ့ကြပြီး ဂျောင်ဂုနဲ့အတူ အစည်းအဝေးမှာ Projectအတွက် အသေးစိတ် ဆွေးနွေးဖြစ်ခဲ့သည်။

"ဂျောင်ဂုတို့ စီစဥ်ထားတဲ့ planကို hyungတို့သိလို့ရမလား"

"ရပါတယ် hyung~အတွင်းရေးမှူးလီ ကျွန်တော်တို့ရဲ့ planကို အသေးစိတ်ရှင်းပြပေးပါ"

ဂျောင်ဂုရဲ့ အတွင်းရေးမှူးရှင်းပြပုံအရဆိုရင်
ယွန်ဂီတို့ ဆွဲထားတဲ့ Designကို လက်တွေ့ဆောက်လုပ်ဖို့ လိုအပ်တဲ့ Drawingတွေကို
Tradexဘက် Drafterတွေက ဆွဲပေးကြမှာ။

ဒီလို စီစဥ်ပေးတာဟာ ယွန်ဂီတို့အတွက် တကယ်ကို အဆင်ပြေစေတယ်~
Genius Groupမှာ Design ဆွဲတဲ့ Architectက သူတို့ သုံးယောက်ပဲရှိတာ...
Projectသေးရင် ကိစ္စမရှိပေမယ့် square meter 10000 ကျော်ကျယ်ဝန်းတဲ့ ဒီProjectအတွက်ဆိုရင်တော့ ဝန်ထမ်းအများကြီးလိုအပ်တယ်။

Projectစအပ်ကထဲက လူအင်အားကူညီပေးမယ်လို့ ဂျောင်ဂုက ကတိပေးတာကြောင့်
ယွန်ဂီအနေနဲ့ ဒီprojectကို လက်ခံဖြစ်ခဲ့တာ။

"hyungအမြင်တော့ planချထားတာအဆင်ပြေပါတယ်~ထယ်ယောင်းနဲ့ ဂျီမင်းရော ဘယ်လိုမြင်လဲ"

"စီစဥ်ပေးထားတာတော့ အဆင်ပြေပါတယ်~တစ်ခုပဲ ဂျောင်ဂုဘက်က Drafterတွေနဲ့ ကျွန်တော်တို့က ဘယ်လိုဆက်သွယ်ကြမလဲ"

ထယ်ယောင်းပြောတာ မှန်ပါသည်။ Designerက Drafterကို နေ့စဥ် guide lineပေးနေမှ အလုပ်က ပိုအဆင်ပြေနိုင်မှာ~

Close to you(Completed)Tempat cerita menjadi hidup. Temukan sekarang