Chapter-14

3.1K 400 42
                                    

Unicode

Section-1

ရာသီဥတုသာယာတဲ့မနက်ခင်းတစ်ခုမှာ ထယ်ယောင်းတို့သုံးယောက်အတူ ရုံးတက်ဖြစ်ကြသည်...ပုံမှန်ဆို ဂျီမင်းကို ဂျောင်ဂုကရုံးတက်ဖို့လာကြိုနေကြပေမယ့် ဒီနေ့တော့ မိဘတွေphoneဆက်ခေါ်လို့ အိမ်သွားနေရတာကြောင့် သူတို့သုံးယောက်အတူလာဖြစ်ကြတာ...

ရုံးရောက်တာစောနေတာကြောင့် Tradexရုံးချုပ်အဆောက်အဦဘေး ပန်းခြံမှာ သုံးယောက်အတူထိုင်ဖြစ်ကြတယ်...

"နေရောင်လေးကနွေးနေတာပဲနော်.... hyung..."

"ဟုတ်တယ်.....နေလို့ကောင်းလိုက်တာ...."

နေရောင်နွေးနွေးလေးကို မျက်စိမှိတ်ပြီး ခံယူနေတဲ့ ယွန်ဂီhyungက တကယ်ကြောင်လေးနဲ့တူတယ်.....ကြောင်လေးတွေလို အမြဲလက်သည်းဝှက်ပြီးနေတက်တဲ့ hyungဟာ
သူ့အပေါ် စိတ်ဆိုးစိတ်ကောက်လုပ်လေ့မရှိ..

ဘယ်လိုနေနေချစ်စရာကောင်းတဲ့ hyungဟာ စိတ်ဆိုးရင်လည်း ချစ်စရာကောင်းမှာပါပဲလေ....

သူတွေးနေတုန်း မြင်လိုက်ရတာက ဂျောင်ဂုကား......နောက်ပြီး ကားပေါ်မှာမိန်းကလေး
တစ်ယောက်လည်းပါသေးသည်....

ဂျောင်ဂုက ကားရပ်ပြီးတာနဲ့  ဂျီမင်းကို ပြုံးပြရင်း အနားကိုမပြေးရုံတမယ်ရောက်လာတယ်....

"hyungရောက်နေတာကြာပြီလား....."

"မကြာသေးပါဘူး...."

ဂျီမင်းကစကားပြောနေရင်း ဂျောင်ဂုဘေးကမိန်းကလေးကို မသိမသာအကဲခတ်နေတယ်....

"သူ့နာမည်က ချယ်ဝန်းတဲ့ hyung .... Architect Majorနဲ့ကျောင်းပြီးတာ....အဲ့တာအလုပ်လုပ်ချင်တယ်​ဆိုပြီးအကူအညီတောင်းလို့..."

အလောတကြီးရှင်းပြနေတဲ့ ဂျောင်ဂုကို
ဂျီမင်းက​ပြုံးပြတယ်.....ထယ်ယောင်းသိသလောက်ဆို ဒါကျွဲမြှီးတိုသွားတဲ့အပြုံး...

ဂျီမင်းကသိပ်သဝန်တိုတတ်တာ....ချစ်သူကိုမပြောနဲ့ သူငယ်ချင်းအချင်းချင်းတောင် သူ့ထက်ပိုခင်တဲ့ သူရှိတာမကြိုက်တဲ့သူ...

သူနဲ့ရုံးအတူမသွားဘဲ အခုမှမိန်းကလေးတစ်ယောက်နဲ့ ရောက်လာတဲ့ ဂျောင်ဂုကို ကောက်ဖို့ပြင်နေပြီ....လူအများရှေ့မှာမို့
စိတ်မကောက်သလိုနေနေတာ......

Close to you(Completed)Tempat cerita menjadi hidup. Temukan sekarang