ကြာလာတော့ ဒီအကျဥ်းအကျပ်ထဲက ပဲ ရုန်းထွက်နိုင်တဲ့
သတ္တိတွေ Chanyeol မှာ မရိှတော့ဘူး ။
အဖေကြိုးဆွဲရာ က တဲ့ ဘဝမှာ သားလိမ္မာ အနေနဲ့ပဲ သူနေသားကျနေပြီ ။

သက်ပြင်းချရုံထက် ပိုပြီးသူဘာလုပ်နိုင်မတဲ့လဲ ။

Marriage And Love

ဥက္ကဌဗြောင် အခန်းထဲကို ဝင်သွားတော့ သူ့သားဖြစ်သူက
အရာအားလုံးကို ဖျက်ဆီး ရိုက်ခွဲထားပြီ ။

ကုတင်ပေါ်မှာ ဒူးနှစ်ဖက်ထောင် လက်တင်ပြီး ထိုင်နေတဲ့ သားဖြစ်သူကိုကြည့်ကာ သက်ပြင်း အသာချရင်း
ကျိုးကြေနေတဲ့ ပစ္စည်း အပိုင်းအစတွေကို ရှောင်ကာ အနားကို တိုးကပ်သွားလိုက်၏ ။

မီးပိတ်ထား၍ အလင်းရောင် အလုံအလောက်မရသော်လည်း
သားငယ်လက်က ပွန်းပဲ့ ဒဏ်ရာတွေကို သူထင်ထင်ရှားရှားကြီးကို
မြင်နေရပါသည်။

' သားငယ် '

' ဘာလို့လုပ်ခဲ့တာလဲ ။ သား သဘောမတူခဲ့ပဲနဲ့ !
သား ဘက် ကိုမကြည့်ပဲနဲ့ ဘာလို့ အဖေ့စိတ်တိုင်းကျ
အကုန်လုပ်ပစ်လိုက်ရတာလဲ '

တင်းမာနေတဲ့ မျက်နှာလေး မော့လာကာ အော်ဟစ်မေးတော့
မျက်ရည်တွေကပါ စီးကျရင်း ငိုနေပြန်သည် ။
သားငယ်ဟာ ဒေါသကြီးသလောက် ထစ်ခနဲဆို ငိုဖို့သာသိသည့်
အသည်းနုတဲ့ကလေး ။

' အဖေ ဘာလို့ ဒီလို လုပ်တာလဲ မသိဘူးလား သားငယ် !
အကုန် သားငယ် ကောင်းဖို့ ချည်းပဲ '

' မဟုတ်ဘူးးး ! အဖေက အဖေ့ company အတွက်ပဲ အဖေ
ကြည့်တာ ။ သားက အဲ့လူနဲ့ လက်ထပ်ပြီး အဖေ့အတွက် မျိုးဆက်
အသစ် မပေးနိုင်တော့လည်း အဖေ အဆင်ပြေတာပဲလား ။
သားကရော သားသူငယ်ချင်းတွေကို ဘယ်လိုမျက်နှာပြရမှာတဲ့လဲ
အဖေ ဒါတွေကို ရော စဥ်းစားမိရဲ့လား ။ '

အသက်ရှူသံ တွေ ပြင်းထန် နေတဲ့ သားငယ် ဟာ
မျက်ရည်တွေကို လက်နဲ့ ခပ်ပြင်းပြင်းပဲ ပွတ်ဆွဲသုတ်ပြီး
သူကို စူးရဲစွာကြည့်နေတယ် ။

' ခုရော ? သူငယ်ချင်းတွေကို မျက်နှာပြရဲလား ?
ဒီလို အတူအိပ်နေတဲ့ ပုံတွေ ပျံ့သွားပြီးတော့ရော မျက်နှာပြရဲ ရဲ့လားလို့ ? '

Marriage   And   Love  ( Completed ) Where stories live. Discover now