Part 27(unicode)

Mulai dari awal
                                    

သူတို့မှာဖော်ပြချင်တဲ့ဆန္ဒရှိလျှင်တမင်သက်
သက် ဖုံးကွယ်ထားစရာ အကြောင်း မရှိချေ။သူတို့သတိမပြုမိချင်သည့်အရာဖြစ်နေလျှင် သူကိုယ်တိုင်လည်းနေထိုင်၍ ကောင်းမဟုတ်ဘူး။သူတို့ကစူးစမ်းချင်စိတ်ကြောင့်ဒီကိစ္စကို လုပ်ခဲ့မိလျှင်ပင်...တစ်စုံတစ်ယောက်ကဘဝတစ်လျှောက်လုံးသတိရနေပေလိမ့်မည်။

ကျန်ချန်ရဲ့သဘောထားကိုသူမစဥ်းစားကြည့် ဘူး။သူ့အကြောင်းတွေပိုသိချင်လာတယ်၊သူ့ကိုသဘောကျတယ် ,သူ့အပေါ်မှာ ကောင်းမွန်
သောအမြင်ရှိတယ်,သူနှင့်ပိုနီးစပ်ချင်တဲ့ ဆန္ဒမျိုး ကုဖေးဆီမှာရှိတယ်။ထပ်တိုးပြောရလျှင် ကုမြောင်ကလည်းကျန်ချန်ကိုအရမ်းသဘော
ကျ၏။သူမကသူ့ကိုသိတာနှစ်ရက်မပြည့်ခင် အရမ်းခင်တွယ်နေ၍ ကုဖေး အံ့သြခဲ့သေး၏

တစ်ချို့လူက ကြောင်ပေါက်လေးများကို ဆွဲဆောင်နိုင်တယ်။တစ်ချို့ကခွေးလေးများကို ဆွဲဆောင်နိုင်တယ်။ကြည့်ရတာ, ကျန်ချန်က ချို့ယွင်းချက်ရှိတဲ့ ကလေးတွေကို ဆွဲဆောင်နိုင်ပုံရသည်။

"ဝမ်အာအစာသွပ်ပေါင်မုန့်" ဆိုင် စီးပွားရေးသည် ချောင်လည်တယ်ပြော၍ရ၏။ သူတို့ဆိုင်ကနေ့ညမရွေး အမြဲစည်ကားနေသည်။

ယနေ့, အလုံပိတ်ခန်း မရသောကြောင့် ဝမ်ရွှိအမေက သူတို့ဝမ်မိသားစုအမြဲစားလေ့ရှိတဲ့ အခန်းမှာ သူတို့ကိုနေရာချပေး၏။
"အပြင်မှာ လူအရမ်းရှုပ်နေလို့။ဒီနေရာက မင်းတို့အတွက်ပိုအဆင်ပြေတယ်။ စကားအေးအေးဆေးဆေးပြောလို့ရတာပေါ့။"

ကျန်ချန် ပြန်ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်, အန်တီ။"

ဝမ်ရွှိက စားစရာများယူဖို့ အဝင်အထွက်လုပ်ရမည်ဖြစ်၍ တံခါးဘေးမှာနေရာယူလိုက်၏။ကုဖေးနှင့်သူကအတွင်းဘက်မှထိုင်ခုံမှာနေရာယူလိုက်ပြီး၊ကုမြောင်ကသူတို့အလယ်မှာထိုင်
သည်။

လွယ်အိတ်ထဲမှ တစ်ရှုးအစိုအိတ်ကိုထုတ်ပြီး ကုမြောင်အတွက်သူတစ်ရွက်ထုတ်ပေးလိုက်တယ်။
"မင်းရဲ့လက်ကိုတစ်ရှုးနဲ့သုတ်လိုက်ဦး။ လက်
ဖဝါးတွေကညစ်ပတ်နေတာပဲ,မင်း မှောက်လဲလာတာမလား။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Tempat cerita menjadi hidup. Temukan sekarang