Part 39(Unicode)

7.2K 1.3K 164
                                    


Chapter 39;

"ချန်ကော?။"
ဝမ်ရွှိသည်် ကုဖေးအတိုင်း လိုက်ခေါ်၏။
"သြော်,ငါတို့လည်း ချန်ကောကိုဘောလုံးပေး
ရမယ်ဆိုတာသိတယ်။ "

"ကျန်ချန် လို့ပဲခေါ်။"
လူအုပ်ကြီးသည်သူ့ကို "ကော"လို့ခေါ်မည်အား
ကျန်ချန်တကယ်သည်းမခံနိုင်​ပေ။ ဖန်းကျိခေါ်သကဲ့သို့ 'အဖိုး' လို့ ခေါ်လျှင်ပင်ကြိုက်လိမ့်မည်မဟုတ်ချေ။

"ကျန်ချန် ဆိုလည်း ကျန်ချန် ပေါ့။"
ဝမ်ရွှိကလက်ယမ်းလိုက်၏။
"ငါတို့ကသူငယ်ချင်းတွေပဲ။အခေါ်အဝေါ်တွေ ဂရုစိုက်စရာမလိုပါဘူး။အရင်ဆုံး,ငါရဲ့ဆိုင်မှာတစ်ခုခုသွားစားရအောင်။ငါတို့အတွက်မုန့်ပြင်
ထားဖို့ အမေ့ကိုပြောပြီးပြီ။ငါတို့လေ့ကျင့်မယ့်
စက်မှုကျောင်းလည်းတန်းသွားလို့ရတယ်။"

သူတို့သည်ဘယ်အချိန်ကလုပ်ထုံးလုပ်နည်းအတိုင်းခေါ်လို့လဲဆိုတဲ့ မေးခွန်းအား ကျန်ချန် မေးလိုက်ချင်သော်လည်းဘေးဖယ်ထားလိုက်၏။ တန်းခွဲ၈က ဝမ်ရွှိ၏အာဏာရှင်ဆိုသည့်နေရာခိုင်မြဲနေတဲ့အကြောင်း
အရင်းမှာဝမ်ရွှိတို့ဆိုင်မှအရသာရှိတဲ့အစာသွပ်ပေါင်မုန့်များကြောင့်လားဆိုတာသူသိချင်မိသည်။

ဝမ်ရွှိဆိုင်သို့ရောက်သည့်အခါ ဝမ်ရွှိရဲ့ အမေက
သူတို့အတွက်အစာသွပ်ပေါင်မုန့်များအဆင့်သင့် ထုတ်ပိုးပြင်ဆင်ပေးထား၏။ဝမ်ရွှိသည်အရင်က
'ဘက်စကတ်ဘောအသင်းအနိုင်ရအောင်' တစ်ခါ
မှမလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်လား။ ဒါမှမဟုတ်,
သူ့အမေကသဘောကောင်းလွန်းတာကြောင့်လည်း ဖြစ်နိုင်လောက်၏။

ဝမ်ရွှိအမေက ပြောလာသည်။
"အရင်စားပြီးမှသွားလည်းရတယ်မလား။ အပြင်
မှာ လေအေးတွေတိုက်နေတာ ၊လမ်းသွားရင်း မုန့်
စားရင်အဆင်မပြေဖြစ်နေကြမှာပေါ့။"

ဝမ်ရွှိက ပြန်ဖြေ၏။
"တော်ပြီ,ကျွန်တော်တို့မြန်မြန်သွားရမှာ။ ကျွန်တော်တို့မှာလေ့ကျင့်ဖို့အချိန်ကနည်းနည်းပဲကျန်တော့တာ။
ပြီးတော့ခက်ခဲတဲ့တာဝန်ကိုထမ်းဆောင်ရမှာ။ ဒါတွေ အမေ နားလည်မှာမဟုတ်ပါဘူး။"

ဝမ်ရွှိအမေဆီက​ေပ​ါင်မုန့်တွေကို ကျန်ချန်
လှမ်းယူလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အန်တီ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now