💜 S3 EP - 12 💜

Start from the beginning
                                    

ထိုလုံခြုံရေးသုံးယောက်ဟာ Demon ပြတဲ့ ဝန်ထမ်းကတ်ကိုယူပြီးစစ်ကြည့်ပြီးတာနဲ့ ချက်ချင်းပုံစံပြောင်းကာ ရိုကျိုးသွားသည် ။

" တောင်းပန်ပါတယ် ကျွန်တေိာတို့က တာဝန်အရမို့ပါ .. သွားလို့ရပါပြီ "

ကတ်ကိုပြန်ပေးလာတာမို့ Demon က ပြန်ဆွဲယူကာ ဘာစကားမှမပြောပဲ ခက်ထန်တဲ့မျက်နှာနှင့် အထဲကို လိုက်ဝင်သွားတော့သည် ။

လက်ထဲမှာတင်းကျပ်စွာကိုင်ထားတဲ့ နေ့လည်စာဗူးကိုဆုတ်ကိုင်ရင်းပေါ့ ။

အထဲမရောက်ခင် နောက်ထပ်စစ်ဆေးရေးစက်ကိုဖြတ်ရဦးမည် .. ထိုအချိန်မှာလဲ Demon မှာ စိတ်မရှည်စွာ လက်ထဲကကတ်ကိုတင်လိုက်ပြီး ပွင့်တာနဲ့ ဝင်သွားသည် ။

စစ်ဆေးရေးအစောင့်ဝန်ထမ်းဟာ Screen တွင် နှိုင်း ပုံပေါ်လာတာကြောင့် ထွက်သွားတဲ့ Demon ကိုကြည့်လိုက် နှိုင်း ကတ်ကိုကြည့်လိုက်နဲ့ အံသြနေတော့သည် ။

" ဟဲ့ အခုလေးတင် သူဌေးနဲ့ MissSuzan တို့သွားတယ်မလား .. "

" အေး ဟုတ်တယ် .. ဒီလူက သူဌေးနဲ့ဘယ်လိုပက်သတ်လဲမသိဘူး .."

" သူ့အကိုဖြစ်မယ် မျက်နှာကြီးက ကြောက်စရာကြီး တစ်ခုခုကိုစိတ်ဆိုးနေတာနဲ့တူတယ် "

" အဲ့လိုပဲနေမှာပေါ့ .. မဟုတ်ရင် သူဌေးကိုယ်ပိုင်ကတ်ကို ဘယ်လိုလုပ်သူ့ဆီရှိနေမှာလဲ "

Demon ဟာ အခုချိန်မှာ ချိန်ကိုက်ဗုံးတစ်လုံးပမာ ထိလိုက်တာနဲ့ပေါက်ကွဲတော့မယ့်အနေအထား .. ဓာတ်လှေကားတွင် ရပ်နေတဲ့ လူကြားထဲတွင် နှိုင်း နဲ့ သူမ လဲ ရှိနေသည် ။

သူမတို့ Company ထဲ Demon ထက် အရင်ဝင်သွားပြီး အခုထိ ဒီမှာရှိနေတုန်းပဲ ..

ဘာလို့လဲ ဘာစကားတွေပြောနေလို့ ကြာနေရတာလဲ ဆိုတာ တွေးလိုက်တိုင်း Demon အသွေးအသားတွေ ဆူပွက်လာသည် ။

လူအများနဲ့မို့ Demon ကိုမတွေ့သေးတဲ့ နှိုင်း ကြောင့် ထို ဓာတ်လှေကားလူအုပ်ထဲရောယောင်ကာ ဝင်စီးလိုက်သည် ။

ဓာတ်လှေကားအထပ် တစ်ထပ်ချင်းစီတိုင်း လူတစ်ယောက်ပြီးတစ်ယောက်ထွက်သွားကာ နောက်ဆုံး နှိုင်း နဲ့ သူမအပါအဝင် Demon နဲ့ ၅ ယောက်သာကျန်တော့သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now