Ep - 32 [U]

4.2K 422 27
                                    

အခန်း (၃၂)

အလုပ်က အပြန် လေနေတဲ့ စိတ်ကို ထမ်းပြီး အိမ်တန်းပြန်ဖို့ ပြင်တယ်။ အရင်စိတ်နဲ့သာဆို ကျူးက တစ်နေရာရာမှာ တစ်ယောက်ယောက်နဲ့ အတူ ရှိနေလောက်ပြီ။ ခုတော့ ဒါမျိုးတွေလုပ်ဖို့ အာရုံ မလာတော့ဘူး။

စေ့ထားတဲ့ ခြံတံခါးကို ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ စိမ်းဖန့်ရောင် မိုးတွင်းစီး ဖိနပ်လေးက ကျူးရဲ့ နှလုံးသားကို လှိုက်ခါစေတယ်။ ကိုကို့အတွက် ကျူးကိုယ်တိုင် သေချာရွေးပြီး ဝယ်ခဲ့တဲ့ အချိန်ကိုလည်း အောင့်မေ့မိတယ်။ ပခုံးပေါ်က ကျောပိုးအိတ်ကို အခန်းထဲ ပစ်ချပြီး ကော်ဖီ ဖျော်နေတဲ့ ကိုကို့ဆီ အကြည့် ရောက်တယ်။

“ ကိုကို ဘယ်တုန်းက ပြန်ရောက်နေတာလဲ ”

“ နေ့လည်ကပဲ။ ခဏနေ ဆေးရုံသွားတော့မှာ ”

ဖျော်ထားတဲ့ ကော်ဖီအရသာကို  မြည်းစမ်း ကြည့်ရင်း တစ်ချက်လေးမှ မငဲ့ဘဲ ပြောလာတဲ့ ကိုကို။

“ ကိုကို ဘယ်တွေ သွားနေတာလဲ။ ပြန်မလာဘူးဆိုလည်း ကျူးကို ပြောသွားမှပေါ့ ”

“ မေမေ ခေါ်လို့ ”

တုံးတိ ဖြေပေးလာတဲ့ ကိုကို။ ဒီတစ်ခါလည်း ကျူးကို အရေးမစိုက်ဟန်တွေနဲ့ စိမ်းသက်ပြတယ်။ ကျူးရဲ့ ရင်ထဲ တနုံ့နုံ့။ မာနလေး ထိပါးသလို ခံစားရတော့ အောက်နှုတ်ခမ်းသားကို တစ်ချက် ဖိကိုက်မိတယ်။ နှလုံးသားက ပိုနာတယ်။

“ ကိုကို ကျူးကို ဖုန်းမဆက်ရင်တောင် စာလေး တစ်စောင်တော့ ပို့ထားသင့်တာပေါ့။ ဒီလိုမျိုး အသိ မပေးဘဲ ပျောက်သွားတော့ ကျူး ဘယ်လောက် စိတ်ပူရလဲ ”

“ ကိုယ် ကလေး မဟုတ်တော့ဘူး။ အလကားနေ ပူမနေနဲ့ ”

“ ကိုကို ဘာဖြစ်နေတာလဲ။ ကိုကို စိတ်ဆိုးအောင် ကျူး ဘာအမှား လုပ်မိလို့လဲ ”

“ ဟင့်အင်း။ ကျူး မမှားပါဘူး ”

ကော်ဖီခွက်ကို ကိုင်ရင်း ကျူးကို ဘေးကပ် ကျော်ပြီး အိမ်ရှေ့ခန်းကို ထွက်သွားတယ်။ ကိုကိုက ကျူးနဲ့ စကား မပြောချင်ပုံပဲ။

ဖုန်းအားသွင်းပြီး ရေချိုးဖို့ ပြင်တဲ့အထိ ကိုကိုက ကျူးဆီ ရောက်မလာခဲ့ဘူး။ ကြည့်လည်း မကြည့်ဘူး။ ထိုင်ခုံ တစ်လုံးမှာ စာအုပ် တစ်အုပ်ကို ဖတ်နေဆဲ။ ဘေးချထားတဲ့ ကော်ဖီတွေ အေးမှာ စိုးတယ်။ ကျူးက ကိုကို့ကို ပူပူနွေးနွေးလေးပဲ သောက်စေချင်တာ။ ဒါပေမဲ့ သတိတော့ မပေးဖြစ်ဘူး။ ကိုကိုမှ ကျူးကို မခေါ်ချင်ဘဲ။ အနှောင့်အယှက် ပေးလို့ ဘယ်ဖြစ်မလဲ။

Private AreaWhere stories live. Discover now