Ep - 24 [U]

4.2K 396 30
                                    

အခန်း (၂၄)

“ အိုကေ ကြွယ်။ စိတ်လျှော့။ စိတ်လျှော့ Relax ”

ဘယ်ဖက် လက်ဖ၀ါးပြင်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ညာလက်သီးဆုပ်ကို ထိုးနှက်ရင်း အိမ်ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့ ကြွယ်။ ကြွယ့် ပခုံးသားတွေကို ဆွဲယူလှည့်မိတော့ မျက်နှာချင်းဆိုင် အနေအထားမှာ ကြည့်လာတဲ့ မျက်ဝန်းတွေက ပူပူပြင်းပြင်း။ ဒေါသ ထွက်လွယ်သလောက် ကိုယ့်ဒေါသကိုလည်း မထိန်းချုပ်နိုင်တဲ့ ကြွယ်။

ဖြောင့်စင်းနေတဲ့ နီညိုရောင် ဆံသားတွေနဲ့ နှုတ်ခမ်းနီဖျော့ဖျော့က အငြိမ်ဘက် ပြေးတယ်။
ဒါပေမဲ့ ပြေပြစ်တဲ့ အလှတရားတွေနဲ့ ကြွယ်က အရှုပ်ထုပ်လေးရယ်လို့သာ လူသိ များတယ်။ မိတ်ကပ်ပညာ သင်ယူထားသူမို့ အလှအပ ရေးရာမှာ အကျွမ်းတဝင် ရှိတယ်။ မုသားမသုံး ပြောရရင် ကြွယ်က တကယ် လှတယ်။

လွန်သွားတဲ့ လက်တွေကို ရုတ်ချရင်း တစ်ကိုယ်လုံးပေါ် မှန်ရှေ့က ခုံမှာ ကြွယ့်ကို ၀င်ထိုင်စေတယ်။ အိမ်ဆိုင်သဘော တွဲဖွင့်ထားတဲ့ ကြွယ်က မိတ်ကပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုတယ်။

မိုးရာသီရဲ့ ထုံးစံအတိုင်း ပွဲလမ်းသဘင် ပါးချိန်မို့ ဆိုင်မှာ လူ ရှင်းတယ်။ ဆိုင်ရှေ့ ဖြတ်သွားတဲ့ လူတချို့ရဲ့ အကြည့်ဆန်းဆန်းတွေကို သတိပြုပေမဲ့ ဂရုတော့ မစိုက်ဖြစ်ဘူး။ ကိုယ့်အမြင် ကိုယ်အရေးပေးတဲ့ လူတွေကို တစ်ယောက်ချင်း လိုက်ရှင်းပြနေရင် အချိန်တွေ ကုန်ပါတယ်။ လူလည်း မောမှာပဲ။

ဒေါသကြီးတဲ့ ကြွယ့်ကို ဖျောင်းဖျဖို့က ဦးစားပေးမို့  ကျန်တာတွေ ဘေးချန်လိုက်တယ်။ အရာရာမှာ ဆင်ခြင် သုံးသပ်နိုင်ဖို့ မပြောချင်တဲ့ စကားတွေလည်း ပြောရဦးမယ်။

ခြေတစ်လှမ်း မှားတာ အကြောင်း မရှိနိုင်ပေမဲ့ ကမ်းပါးအစွန်မှာ ရပ်နေမိသူဆိုရင်တော့ တစ်ဘ၀စာ တာ့တာ ပြရမယ့် ကိန်းပဲ။ နောက်ကြောင်း ပြန်လှည့်စရာ မြေ မရှိပြီ။ ဒီသဘောတရားကို ကြွယ် နားလည်ဖို့ လိုတယ်။

အမှားဟာ အမှားပါပဲ။ ဘာအတွက်ပဲ မှားမှား အမှန်ခြစ်နဲ့ ပြိုင်ငြင်းလို့ ဘယ်ရမလဲ။

Private AreaWhere stories live. Discover now