Ep - 19 [U]

4.4K 452 27
                                    

အခန်း (၁၉)

စာတစ်စောင်နဲ့ ပြန်မလာဖြစ်ကြောင်း အသိပေးခဲ့တဲ့ ကောင်လေးက ဖုန်းတစ်ချက် မဆက်တာ သုံးရက် ရှိပြီ။ ကိုယ့်ဘက်က ခေါ်သမျှ ဖုန်းကောလ်တိုင်းကိုလည်း အရေးမဲ့ပစ်တယ်။

မနေ့ညက ပုံတချို့ကို ပို့ပေးလာတဲ့ မ,ကြောင့် အိပ်မရခဲ့တာ အမှန်ပဲ။ စိတ်တွေ ပူတယ်။ ကျူး ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ။ Big Duck နဲ့ ဘားမှာ သောက်နေခဲ့တဲ့ ကျူးရဲ့ ပုံရိပ်တွေက အိပ်မက်ဆိုးလိုပဲ။

ကျူးအပေါ် သက်ရောက်တဲ့ အဲ့ဒီလူရဲ့ မက်မောခြင်း အငွေ့အသက်တွေကို မြင်ရတာ စိတ်မောစေတယ်။ ခပ်ဆိုးဆိုး ကောင်လေးရဲ့ လုပ်ကွက်တွေက ကသောင်းကနင်း ဆန်လွန်းတာပဲ။ ကျူးက ကိုယ်နဲ့အတူ ရှိနေရတာ ငြီးငွေ့သွားပြီလား။

ကော်ဖီဆိုင်ထဲ ၀င်တော့ ကြိုရောက်နေတဲ့ မ, ကို မြင်တယ်။ မျက်နှာ မကောင်းတဲ့ မ,လည်း ခံစားချက်တွေ ရှုပ်ထွေးနေရတာပဲ။

“ စိတ်မချလို့ စုံစမ်းလိုက်တာ။ ထင်တဲ့အတိုင်းပဲ။ နှစ်ယောက်က ပေါင်းမိတာနဲ့ ဘရိတ် မပါတဲ့ ကားလိုပဲ။ ရပ်ရကောင်းမှန်း မသိတော့ဘူး ”

“ ကျူးဘေးမှာ ခါး ရှိနေရင် စိတ်ချရပါတယ်။ ငါက ကျူး တစ်ယောက်တည်း ဖြစ်မှာကိုပဲ စိုးရိမ်မိတာ ”

“ နင်က ခါးကို ယုံနေတာလား။ ကျူးကို ခါး ထိန်းနိုင်မယ်လို့များ ထင်နေလား ”

“ ဟင့်အင်း။ မထင်ပါဘူး။ ကျူးက ဘယ်သူ့ကိုမှ အထိန်းမခံတဲ့ ကလေးလေ ”

ကိုယ့်စကားကြောင့် မ,က ခပ်ဖျော့ဖျော့ ပြုံးတယ်။ စိတ်မှာ တင်တဲ့ လေးပင်မှုလည်း သက်သာရာ ရသွားပုံပဲ။

“ ဓာတ်ပုံကိစ္စရော နင် ဘယ်လိုလုပ်မှာလဲ ”

“ နင့်အမြင်မှာရော ငါ ဘယ်လိုလုပ်သင့်တယ် ထင်လဲ ”

“ မသိတော့ပါဘူးဟယ်။ ကျူးကို ငါလည်း နားလည်နိုင်တာမှ မဟုတ်ဘဲ။ ခုတလော အဲ့လူနဲ့ ကျူး ခြေရှုပ်နေတာလည်း တစ်ခုခုပဲ။ ခါးလည်း ဘာထူးလဲ။ ချိန်းဝိုင်းမှာ သွားဆော့နေတာ တစ်ပတ် ရှိပြီ။ ဒီလောက် ပေါ့တိပေါ့ဆနိုင်တဲ့ ခါးကို ငါ ဘာလို့ သဘောကျခဲ့မိလဲတောင် စဉ်းစားမရဘူး ”

Private AreaWhere stories live. Discover now