Ep - 22 [U]

4.1K 452 20
                                    

အခန်း (၂၂)

“ အန်တီသဲ ”

“ အိမ်အထိ လာခိုင်းလိုက်ရတာ တကယ် အားနာတယ် မ, ရေ။ ထိုင်ပါဦး ”

ဖုန်းဆက် ခေါ်လာတဲ့ အန်တီသဲက ကျူးတို့အိမ်မှာ မဟုတ်တော့ဘဲ အပြင်မှာ နေတယ်။ အကူအညီ တောင်းချင်လို့ဆိုတဲ့ စကားနောက်မှာ မ,နဲ့ လူချင်းတွေ့ဖို့ ဖြစ်လာရတာပဲ။

“ ခြံထဲမှာ ခဏ သွားဆော့နော်။ မမနဲ့ စကား ပြောပြီးရင် မေသဲ လာခဲ့မယ် ”

ဘောလုံးပိုက်ထားတဲ့ ကလေးကို ပြောလိုက်တဲ့ စကားသံမှာ နွေးထွေးရိပ်တွေ ဝပ်တယ်။ နားမလည်နိုင်တာက ကလေးနဲ့ ပတ်သက်မှုကိုပဲ။ အန်တီသဲကို တစ်ကိုယ်တည်းသမားရယ်လို့ သိထားတာ သေချာပါတယ်။

“ အန်တီသဲ အပြင်မှာ ပြောင်းနေတာ မသိလိုက်ဘူး။ ကျူးဆီကလည်း ဘာစကားမှ မထွက်လာတော့ ..”

“ အခြေအနေအရ အဲ့လို ဖြစ်သွားတယ် ဆိုပါတော့။ ခံစားချက်ကို မဖော်ပြတတ်တဲ့ ကလေးဆိုပေမဲ့ ကျူးလည်း ခုချိန် စိတ်ထိခိုက်နေရရှာမှာ ”

“ အန်တီသဲ ဘာကို ပြောချင်တာ ..”

“ ကျူးရဲ့ မိဘတွေ လမ်းခွဲလိုက်ကြပြီလေ။ အဆင်မပြေခဲ့တဲ့ အိမ်ထောင်ရေးကို မယု ဖြစ်စေချင်တဲ့အတိုင်း အဆုံးသတ်လိုက်ရတယ် ”

အဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာပဲ။ ကျူးအတွက်လည်း စိတ်မကောင်း ဖြစ်ရတယ်။ မပေါင်းစည်းခြင်းရဲ့ နောက်ဆက်တွဲ အရှိန်က ပြင်းပြင်းရှရှ ရိုက်ခတ်သွားခဲ့တာပဲ။

“ ကျူးရဲ့ ဖေဖေက အပြင်မှာ သားတစ်ယောက် ရခဲ့တယ်။ မာနတွေ ပြိုင်ကြရင်း လွဲမှားခဲ့တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု တစ်ခုပေါ့။ ကိုငြိမ်းရဲ့ လုပ်ရပ်ကြောင့် ခံပြင်း ဒေါသထွက်ရပေမဲ့ ကျူး ထွက်မသွားခင်အထိတော့ မယုက သည်းခံ မြိုသိပ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီလေ။ ကျူးကလည်း သူ့လမ်း သူ ရွေးချယ်လိုက်သလို ကလေးရဲ့ အမေကလည်း ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။ ဒီတော့ ကိုငြိမ်းကပဲ အဖေတစ်ယောက်အနေနဲ့ ဆက်ပြီး တာဝန်ယူဖို့ ဖြစ်လာတာပေါ့ ”

Private AreaWhere stories live. Discover now