Ep - 25 [U]

4.3K 430 22
                                    

အခန်း (၂၅)

ဘေးအိမ်က ဖွင့်ထားတဲ့ သီချင်းသံထဲ လွင့်မျောနေတဲ့ ကိုကို။ ရင်ဘတ်ပေါ် ဖတ်လက်စ စာအုပ်ကို မှောက်အပ်ထားရင်း မျက်တောင်ဖျားတွေ စင်းချထားတဲ့ ကိုကို။ အိမ်ပြန်ရောက်လာတဲ့ ကျူးကိုလည်း သတိ ထားမိပုံ မရဘူး။ သံစဉ်တွေကြား လိုက်ပါ စီးမျောရင်း ခပ်တိုးတိုး ဆိုညည်းသံ။ ကိုကိုက ကြည်လင် စိမ်းမြနေတဲ့ သစ်တောလေးပါပဲ။ ဘယ်အချိန်ခါဖြစ်ဖြစ် ကျူးရဲ့ စိတ်နှလုံးကို စိမ်းလန်း စိုပြေစေတယ်။ အေးမြစေတယ်။

~ ~ ~

ရင်ခွင်မှာ ပစ်ပြီးလို့ စိုက်နေမှ

ဆွဲနုတ်ဖို့ မလုပ်နိုင်ဘူး

ကိုယ့်အသက်ကို ကိုယ်သနားတယ်

အကြင်နာတွေ ပေးပြီးလို့ လက်လွန်မှ

မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး မေ့ရမှာ မလွယ်လှပါ

~ ~ ~

ကိုကို့ နှုတ်ခမ်းလွှာလေးက တလှုပ်လှုပ်။ ကျုးရဲ့ ရင်ခုန်သံက တဒိတ်ဒိတ်။ လွင့်ပျံနေဆဲ သီချင်းသံက ခပ်ငြိမ့်ငြိမ့်။ အသံ တိုးတိုးလေးကို အကြားအာရုံထဲ ဖမ်းနိုင်ဖို့ ခန္ဓာကို ဖြည်းဖြည်လေးလေး ကိုင်းညွှတ်မိတော့ နားရွက်ဖျားကလည်း ကိုကို့ နှုတ်ခမ်းတစ်စုံ ဝန်းကျင်မှာ သွားကပ်တော့တာပဲ။ ပွင့်အံလာတဲ့ မျက်ဝန်းလွှာတွေကြောင့် သူခိုး လူမိတာထက် ဆိုးတဲ့အဖြစ်နဲ့ ကျူးမှာ ဆန့်ဆန့်ငင်ငင်။ မလွှဲဖြစ်သေးတဲ့ အကြည့်တွေကို ကိုကိုကလည်း တန်ပြန် ငေးစိုက်လို့ရယ်။

ရင်ခုန်သံတွေ ယိမ်းကတယ်။ နှလုံးသားကလည်း ကယောင်ကတမ်း စကားတွေ မြည်တယ်။ ဒီသံသရာ တစ်လျှောက်လုံး ကိုကို့ မျက်ဝန်းကြည်ကြည်လေးတွေနဲ့ မလွဲချင်ပါ။

~ ~ ~

ကြားလူတွေ ဖြတ်လို့တော့ နောက်မဆုတ်ဘူး

စမိတဲ့ အချစ်တွေကို ရုပ်သိမ်းဖို့ မတောင်းဆိုနဲ့

ငါ့အသိထဲ မင်းတစ်ယောက်ပဲ ငဲ့ညှာမယ်

တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး

ဖျက်သိမ်းဖို့ မတောင်းဆိုနဲ့

Private AreaWhere stories live. Discover now