ပထမနှစ် ဒုတိယနှစ်နဲ့ Final ပေါင်း သုံးနှစ်စာ ပြဌာန်းစာအုပ်အထူကြီး 20လောက်ကို တရက် သုံးအုပ် လေးအုပ်နှုန်းနဲ့တပတ်အတွင်း ပြီးအောင် ဖတ်သည် .  အရမ်းတွေ အသေးစိတ်ဖတ်ဖို့ မလိုဘူးလေ .. တချို့ဟာတွေက သူသိပြီးသားဆို ကျော်သွားလိုက်သည် .. ဒီစာသင်နှစ်အတွက် စိတ်ပူစရာမလိုတော့ ..

ရန်ကျင့် ကျောင်းကို နေ့လည်စာ စားချိန်ဆို ရောက်လာတတ်သည် .. အစကတော့ ဟုန်လေ့နဲ့ အတူရှိချင်လို့ လာစောင့်တာ ဖြစ်ပေမယ့် .. စာအုပ်နဲ့ မျက်နှာ မခွါတဲ့ စာကြမ်းပိုးလေးကြောင့် အရိုးနွှင်ပေးတာတို့၊ ဟုန်လေ့ မကြိုက်တဲ့ ကြက်သွန်နီ ဖယ်ပေးတာတို့၊ ပါးစပ်သုတ်ပေးတာတို့၊ ရေခပ်ပေးတာတို့က သူ့တာဝန် ဖြစ်လာသည် ..

"လေ့ .. မင်းဘယ်တော့ ပြောင်းမှာလဲ .. ခုဆို တပတ်တောင် ကျော်နေပြီ"

"အင်း ငါမနက်ဖန် ပြောင်းမယ်"
ဟုန်လေ့ ဖတ်ပြီးစာအုပ်ကို အောက်ချလိုက်သည် .. ဒါ Final က နောက်ဆုံး ပြဌာန်းစာအုပ်ပင် .. စာမေးပွဲဖြေဖို့ထက် ဟုန်လေ့တို့ခေတ်ရဲ့ နည်းပညာကို သူကောင်းစွာ သိဖို့ လိုတာကြောင့် ဒီစာအုပ်တွေ ဖတ်ခြင်းဖြစ်သည် .. အခြေခံရမှ သူထပ်ကွန့်မြူးနိုင်မည်လေ ..

"အလုပ်လည်း ညနေ စချင်တယ် မင်းတို့ရုံးက ကျောင်းဆင်းရင် ဖွင့်သေးလား"
"အင်း ဖွင့်တယ် . ပြီးတော့ ရုံးလုပ်ထားတဲ့ ဂိုဒေါင် အပေါ်ထပ်က အရင် ငါ့အခန်းပဲ ခု မင်းအတွက် ငါနေရာလုပ်ပေးထားတယ် . . ငါက ငါ့အိမ် ပြန်နေမယ် "

"မင်းအဖေနဲ့ အဆင်ပြေသွားပြီလား"
"အင်း .. ဆိုပါတော့ .. ငါပဲ အလျှော့ပေးလိုက်တယ်"
ဟုန်လေ့ ပုခုံးကို အားပေးသလိုနဲ့ ပုတ်ပေးလိုက်ပြီး . .
"ရန်ကျင့် .  မင်းကို ချစ်တဲ့ အဖေတယောက် ရထားတာ မင်းအရမ်းကံကောင်းတယ် .. ငါဆို အဖေခေါ်ချင်တာတောင် မရှိတော့ဘူး" ဖေးရဲ့ဘဝမှာလည်း သု့ကြောင့် မိဘတွေ သေခဲ့တာ ဖြစ်သလို ဟုန်လေ့ဘဝမှာလည်း မိဘမဲ့ .  သူ့ဘဝအကြောင်းတွေ သတိရလာတော့ ဟုန်လေ့ရင်ထဲ တင်းကြပ်နေတာကြောင့် အားတင်းပြုံးရင်း

"ရန်ကျင့် . .မိဘနဲ့ သားသမီးကြား မာနတွေ ထားစရာ မလိုဘူး ..မင်းမိဘက မင်းကို အစထဲက အလျှော့ပေးပြီးသား .. အဲ့ဒါကြောင့် စိတ်ထဲမှာ လျှော့ပေးလိုက်ရတယ်လို့ မာနထိတယ်လို့ သိက္ခာကျတယ်လို့ မတွေးပါနဲ့"

The Stranger I love (System)Where stories live. Discover now