ပုလဲကို အသက်သွင်းခြင်း

1.3K 185 3
                                    

Zawgyi Ver

" Ring "

အခန်းသန့်ရှင်းနေရာကနေဖုန်းလာနေတာကြောင့် ကိုင်လိုက်တော့ ဦးနန္ဒဆီက

" ဟုတ်ကဲ့ ပြောပါ ဦး "

" ဖိုးချမ်း​လေး ဒီနေ့ အိမ်ကိုလာခဲ့ပါဦး ဦး အကူညီ​တောင်းစရာရှိလို့ "

" ဟုတ်ကဲ့ ကျွန်တော် အခုလာခဲ့ပါမယ် "

ချမ်းမြေ့​သော်က ချက်ချင်းပဲ အဝတ်အစားလဲပြီး ထွက်လာခဲ့လိုက်တယ်။ ဦးနန္ဒကိုယ်တိုင် အလုပ်အတွက်နဲ့ အကူအညီ​တောင်းတယ်ဆိုတာမျိုး သူ့အတွက်မရှိတာမို့ ဘာများလုပ်ရမလဲ တွေးကာ တက်ကြွနေမိသည်။
သူအလုပ်မရှိဘဲနေရတာကို ငြီးငွေ့နေတာကြောင့် အလုပ် လုပ်ရ​တော့မှာကို တွေးပျော်နေမိသည်။
ခြံပေါက်ဝရောက်တော့ အစောင့်တစ်ယောက်က တံခါးလာဖွင့်ပေးလေသည်။ အိမ်ထဲရောက်ရောက်ချင်း ကြီးအေးညိုတို့ကို​တောင် နှုတ်မဆက်ဖြစ်တော့ဘဲ ဦးနန္ဒရှိတဲ့ အပေါ်ထပ်ကိုပဲ တက်လာခဲ့သည်။
အခန်းပေါက်ရောက်တော့ တံခါးခေါက်လိုက်သည်။

" ဝင်ခဲ့လေ "

အခန်းထဲ ဝင်လိုက်တော့ Rose နဲ့ ဦးနန္ဒတို့က ထိုင်နေကြသည်။

" ဦးကို သားက ဘာလုပ်ပေးရမလဲ "

" အင်း အရင်ဆုံး ထိုင်ပါဦး အေးဆေး ပြောကြတာပေါ့ "

သင့်တော်တဲ့​နေရာမှာ ထိုင်လိုက်ပြီး ဦးနန္ဒရဲ့ အပြောကို စောင့်နေလိုက်သည်။
ဦးနန္ဒက ကော်ဖီတစ်ငုံသောက်လိုက်ပြီး

" ဦးအရင်က ပြောထားတယ်လေ ဖိုးချမ်း​လေးက အလုပ်လုပ်မယ်ဆိုတော့ ဖိုးချမ်း​လေးအတွက် အလုပ်သက်သက် ရှိတယ်ဆိုတာ "

"ဟုတ်ကဲ့ "

" ဒီလိုကွာ ဦးက မြွေအလမ္မာယ်ဆရာဆို​တော့ ယဇ်ပူဇော်တာတွေ လုပ်ရတယ်လေ ဖိုးချမ်းလေး သိတယ်မို့လား "

ချမ်းမြေ့​သော် ဦးနန္ဒရဲ့ ကိစ္စ​တွေကို သိပ်နားမလည်ပေမယ့် ဘာပဲဖြစ်ဖြစ် ကူညီနိုင်ဖို့ကိုပဲ စိတ်လောနေမိသည်။

" ဟုတ်ကဲ့ သား ဘာများကူညီ ပေးရမှာလဲ "

ဦးနန္ဒက Rose ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး

Revenge Of The Snake PrinceWhere stories live. Discover now