အဟိကုလမင်းသားရဲ့ ကလဲ့စား

3.1K 319 2
                                    

Zawgyi Ver

ကြီးမားကျယ်ဝန်းလှတဲ့ ခြံကွင်းကျယ်ကြီးရဲ့အလယ်မှာ အိမ်ကြီးတစ်လုံးက အထီးကျန်စွာတည်ရှိ​နေတယ်။ ခြံဝန်းကျယ်ကြီးထဲမှာ အပင်ရယ်လို့လည်း များများစားစားမရှိ အိမ်​ရှေ့မှာ မြ​လေးပန်းရုံ တစ်ရုံနှစ်ရုံသာ အနည်းငယ်ရှိ​နေပြီး အိမ်ကြီးကပင်မားမားကြီးဖြစ်​နေကာ ဂိုထောင်ခပ်​သေး​သေးသာရှိပြီး ခြံဝင်းတစ်ခုလုံးက ရှင်းလင်းလို့နေသည်။

အလင်းမဲ့​နေတဲ့ ညရဲ့ကောင်းကင်ဟာ အဟိကုလ​မြွေမင်းသားရဲ့ မဟူရာရောင်အသွင်ဆောင်နေတဲ့ မြွေအသွင်သဏ္ဌာန်ကို အကာအကွယ်ပေးနေသယောင်။
မြွေမင်းသားဟာ ခြံဝန်းရဲ့ အခြေအနေကို အတန်ကြာအောင် အကဲခတ်ပြီး အိမ်ထဲသို့ ဝင်ဖို့ကြိုးစားလိုက်သည်။ ခြံထဲမှာ စောင့်နေတဲ့ အစောင့် လေးငါးယောက်ကို အဆိပ်ငွေ့ဖြင့် ခဏတာ အိပ်မက်ကမ္ဘာထဲ ပို့ပေးခဲ့ပြီး အိမ်ထဲ ဝင်လာခဲ့တယ်။

အခုထိ အိမ်ထဲမှာလူအရိပ်အ​ယောင်​တောင် မတွေ့ရ။ အိမ်ကြီးကလည်း အပေါ်ထပ်အောက်ထပ် နှစ်ထပ်သာ ရှိ​ပေမယ့် ကြီးမား ကျယ်ပြန့်ကာ အခန်းပေါင်းများစွာတို့ဖြင့် လျှို့ဝှက်ရှုပ်ထွေးစွာ ဖွဲ့စည်းထားသည်။ အခန်းတစ်ခန်းစီတိုင်းမှာက ကျွန်းနက်သားတို့ဖြင့်ပြုလုပ်ထားတဲ့ အဖိုးတန်​ရှေး​ဟောင်းလက်ရာ ပရိဘောဂ ပစ္စည်းတွေ ကျောက်မျက်တွေစီခြယ်ထားတဲ့ တံခါးတွေ စားပွဲတွေနဲ့ အလှဆင်ထားတယ်။

" အဟိဂုဏ္ဍိက ခင်ဗျားက အတော်သွေးအေးမယ့်ပုံပဲ
ခင်ဗျား အပြစ်​တွေအများကြီး လုပ်ထားတာတောင် ဒီလို မျိုးအေးဆေးနေနိုင်တယ်ဆိုတော့ "

မြွေမင်းသားဟာ အိမ်အကျယ်ကြီးထဲကို အတော်သွားပြီးတဲ့နောက် တစ်နေရာ​ရောက်​တော့မှ အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးကို​တွေ့လိုက်ရတယ်။
အမျိုးသမီးကြီးဟာ မြွေကိုလည်းတွေ့ရော အလန့်တကြားအော်ဟစ်​တော့မလို ရွယ်နေတုန်းမှာပင် မြွေမင်းသားဟာ အဆိပ်ငွေ့တွေမှုတ်ထုတ်လိုက်ပြီး သူမကို ခဏတာ အိပ်စက်သွားစေရန် ပြုလုပ်လိုက်သည်။ နောက်ထပ် ခပ်လှမ်းလှမ်းကို ဆက်သွားပြီးတဲ့နောက်တော့ ယောကျာ်း ၃ဦး ကိုသာ တွေ့ရသည်။ ထိုသူတို့ကိုလည်း ခုနကအမျိုးသမီးကြီး နည်းတူ အိပ်စက်အောင်ပြုလုပ်ထားခဲ့သည်။
တစ်ခန်းပြီးတစ်ခန်း ဝင်ထွက်ပြီးနောက် စံအိမ်ကို စောင့်တဲ့ အစောင့် အနည်းငယ်ကို ကျော်ဖြတ်ပြီးလာခဲ့တယ်။ အဲ့နောက်မှာ​တော့ သွားလာရ လွယ်ကူအောင် လူ့အသွင်ကို ပြန်ပြောင်းလိုက်တယ်။

Revenge Of The Snake PrinceWhere stories live. Discover now