Final မြွေနဂါးဝိဉာဉ် နိုးထလာခြင်း

3.1K 243 56
                                    

Zawgyi Ver

မြွေမင်းသား ပွဲတော်ထဲ ပြန်ဝင်လာတော့ လူတွေအားလုံးက ဟိုဟိုဒီဒီ​ပြောဆို​နေကြတယ်။

"အရှင်မင်းသား မင်းသား​လေးနဲ့ နမ်ရှာရီ ရုတ်တရက်ကြီးပျောက်သွားတယ်"

ခဏအကြာမှာ​တော့ အဂ္ဂက အပြင်ကနေ ပြန် ​ရောက်လာတယ်။

"မကောင်းတာ တစ်ခုခုဖြစ်​တော့မယ် ထင်တယ်"

"ဘာ သတင်းရလာလို့လဲ"

"ဦးနန္ဒနဲ့ သူ့ရဲ့တပည့်​တွေ ဒီမနက် မှော်ဝင်တောင်ဘက်ကို သွားတယ်လို့ သတင်းရထားတယ် ပြီးတော့ မြွေနဂါးရုပ်ထု ကလည်း တဖြည်းဖြည်းကွာကျနေတာ အတော်လေး ရုပ်လုံး​ပေါ်​နေပြီဆိုလို့ ကျွန်​တော်သွားကြည့်ခဲ့တယ်
ဒါပေမယ့် ပုလဲသာ မရှိရင်တော့ အသက်မဝင်နိုင်လို့
သူတို့က ဘာဆက်လုပ်မလဲ မသိနိုင်ဘူး"

"ပုလဲ"

မြွေမင်းသားက အခုမှ သတိရလာကာ ချမ်းမြေ့သော်ရှိတဲ့ အခန်းထဲကို ပြန်ဝင်လာတယ်။
သူ ဝင်လာတာနဲ့ ကုတင်ပေါ်က​နေ မတ်တပ်ထရပ်လိုက်တဲ့ ချမ်းမြေ့သော်ရဲ့ ပုခုံးကို ကိုင်လှုပ်ရင်း

"ပုလဲ​ရော"

ချမ်းမြေ့သော်က မျက်လုံး​တွေနီကာ အလျင်စလိုဖြစ်​နေတဲ့ မြွေမင်းသားကို ကြည့်ပြီး ကြောင်စီစီနဲ့ရပ်ကာ ရေငုံနှုတ်ပိတ်နေတယ်။

"ပုလဲ ဘယ်မှာလဲလို့ ငါမေးနေတယ်​လေ"

မြွေမင်းသားက မေးရင်းဒေါသနဲ့ ချမ်းမြေ့သော်ကို ကုတင်ပေါ်ကို ​ဆောင့်တွန်းချလိုက်တယ်။ အင်္ကျီကော်လာကို တင်းတင်းဆွဲစေ့ကာ မျက်လုံးကို စေ့စေ့ကြည့်​လိုက်တော့ ချမ်းမြေ့သော်က မျက်ရည်
ဝဲတတ်လာတဲ့ မျက်လုံး​ရေး​ရေး​လေးနဲ့ သူ့ကို ကြည့်​နေတယ်။

"အစကတည်းက ငါ မင်းကို မယုံသင့်ခဲ့ဘူး
ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဦးနန္ဒရဲ့ လူပဲလေ
မင်းကို ဒီလိုလုပ်လိမ့်မယ်လို့​တော့ မ​တွေးထားမိဘူး
အနည်းဆုံး သားသားမျက်နှာလေးတော့ ထောက်မယ်ထင်ထားခဲ့တာ
အခု မင်းလုပ်ရက်ကြောင့် အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ မတွေးရဲစရာဘဲ
ငါ့သားသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းကို ခွင့်လွတ်ဖို့​တော့ မျှော်လင့်မနေနဲ့ ငါ မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

Revenge Of The Snake PrinceWhere stories live. Discover now