အဖွားချက်ကြွေးတဲ့ ဟင်းလုံးလေးများ

1.4K 171 11
                                    

Zawgyi Ver

" ဒါဆို သုဒတ္တမင်းကြီးနဲ့ စန္ဒာယမင်းသားတို့ရဲ့ ကလေးက အသက်ရှင်ခဲ့တယ်ပေါ့ "

မြွေမင်းသားဟာ တစ်ချိန်လုံး အာရုံကိုစူးစူးစိုက်စိုက် နားထောင်နေရာကနေ မယ်တော်ကြီးကို မေးလိုက်တယ်။

" အင်း...ကလေးက မွေးခဲ့ပေမယ့် ဥလေးတစ်လုံးဖြစ်နေခဲ့တယ် "

" အဲ့ကလေးလေး ကရော "

" ရွှေဆွဲဆိုတဲ့ မြစိမ်းရောင်မြွေနဂါးလေးက သုဒတ္တမင်းကြီး ဆုံးပါးသွားချိန်မှာ သူရဲ့လည်ဆွဲအပတ်ပြေသွားတော့
လူ့အသွင်ကို ပြောင်းခဲ့ပြီး
ထို ဥကို ယူဆောင်သွားခဲ့တယ်လို့ ပြောကြတာပဲ "

" သူတို့ရဲ့ ဇာတ်လမ်းက စိတ်မကောင်းစရာပဲ "

" အဲ့ဒီနောက်မှာတော့ မြွေနဂါးတွေက သူတို့ရဲ့ ဘုရင်ကြီး အဖြစ်ကိုမြင်ပြီး
စိတ်မကောင်းဖြစ်တာကြောင့် လူသားနဲ့ပက်သက်တဲ့စည်းမျဉ်းကို နတ်ဘုရားတွေက ခွင့်မပြုပေမယ့် သူတို့ဘာသာပဲ ဖျက်သိမ်းခဲ့ကြတယ် ပြီးတော့ သူတို့ဖျက်ဆီးခဲ့တဲ့ အပျက်အစီးတွေကို လျော်ကြေးအနေနဲ့ လူသားတွေကို ရတနာတွေ ပေးခဲ့တယ်
အဟိဂုဏ္ဍိကမျိုးရိုးဆိုတာ တတိယပြည်တော် လက်ထက်က မြွေအလမ္မာယ်ဆရာ မျိုးရိုးပဲ "

" ဒါဆို အဟိဂုဏ္ဍိက နန္ဒ ကလည်း တတိယပြည်တော်က နဂါးနိုင်ဂါထာကို ရှာပြီး မြွေမျိုးနွယ်တွေ အားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပေါ့ "

" ဟုတ်တယ် မြေးတော်
အဲ့အတွက်ကြောင့် မြေးတော်က ကမ္မသိဒ္ဓိစွမ်းအားကို ရရှိအောင် ကျင့်ကြံရမယ် "

မြွေမင်းသားက တစ်ခုခုကို တွေဝေနေပြီး အတွေးထဲမှာ ခဏနစ်မြောသွားတယ်။

" ဒါနဲ့ မြေးတော်နဲ့ ပါလာတဲ့ ဟိုတစ်ယောက်က လူသားမလား
သူက ဘယ်သူလဲ "

မြွေမင်းသားက နှုတ်ခမ်းစွန်းတစ်ဖက် အနည်းငယ်အပေါ်ကိုမြင့်တက်သွားသယောင် ရှက်ဟန်ပြုံးလိုက်ပြီး

" အင်....မြေးတော်ရဲ့ ချစ်သူပါ
ပြီးတော့ ...အင်း ...."

မြွေမင်းသားက ပြောသင့်မပြောသင့်အင်တင်တင်လုပ်နေပြီး

Revenge Of The Snake PrinceWhere stories live. Discover now