Golden Light Bar

1.5K 219 1
                                    

Zawgyi Ver

မြို့တွင်း လူအသွားအလာနည်းပါးတဲ့ ဆင်​ခြေဖုံးရပ်ကွက်​လေးထဲမှာ​တော့ ခမ်းခမ်းနားနားဖြစ်​နေပြီး မီးရောင်စုံထွန်းလင်းနေတဲ့ Golden Light ဆိုတဲ့ Bar and Restaurants တစ်ဆိုင်ရှိ​နေသည်။ ဒီလိုတိတ်ဆိတ်လှတဲ့ ရက်ကွက်ထဲမှာဖွင့်ထားတဲ့ ဘားရဲ့ အ​ရှေ့မှာတော့ ကားအကောင်းစားတွေက နေရာယူထားသည်။
ဒီဆင်​ခြေဖုံးရက်ကွက်မှာ ရှိတဲ့ဘားဆိုင်​လေးက လူချမ်းသာသူဌေးတွေရဲ့ အပန်းဖြေစရာနေရာတစ်ခုအဖြစ် ဆိုင်ထဲမှာတော့ အပြင်ကနဲ့မတူဘဲ စည်စည်ကားကားရှိလှသည်။
ဒီမြို့မှာ​တော့ ဒီဘားက နာမည်ကြီးလှတဲ့ဘားတစ်ခု ဖြစ်သည်။ တချို့စီးပွား​ရေးလုပ်ငန်းရှင်​တွေ မှောင်ခိုလုပ်ငန်းရှင်တွေအတွက်လည်း စီးပွားရေးကျက်စားရာ နေရာတစ်ခု အဖြစ်လည်းရပ်တည်နေသေးသည်။ ဒီဘားရဲ့ ပိုင်ရှင်ကတော့ မင်းအဂ္ဂနိုင်ဆိုတဲ့ ထက်မြက်တဲ့လူငယ်တစ်ဦးပဲဖြစ်တယ်။

" သူဌေး VVIP Room 3 က ဧည့်သည်က သူ​ဌေးနဲ့တွေ့ချင်လို့ပါတဲ့ ခင်ဗျ "

မင်းအဂ္ဂနိုင်က လာပြောပေးတဲ့ waiter လေးကို ခေါင်းငြိမ့်ပြပြီး VVIP Room no. 3 ထဲကို လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့ လူ၃ယောက်လောက်က မတ်တပ်ရပ်နေပြီး တစ်ဦးက​ကျော​ပေးကာ ထိုင်နေသည်။မင်းအဂ္ဂနိုင်က ကျောပေးထားတဲ့ လူရှေ့ထိ လျှောက်သွားလိုက်ပြီး တရိုတသေ အလေးပြုလိုက်သည်။

" ရောက်လာပါပြီလား မယ်တော်ကြီးခင်ဗျာ "

" မောင်မင်းကို စုံစမ်းခိုင်းထားတဲ့ အခြေအနေက ဘယ်လိုလဲ "

" ဟုတ်ကဲ့ပါ မယ်တော်ကြီး
ကြည့်ရတာ​တော့ မင်းသားလေးက အန္တရာယ်ကင်းတဲ့ပုံပါပဲ အာ့အနီးနားတစ်ဝိုက်ကိုလည်း စုံစမ်းခိုင်းထားပါတယ် "

" အဟိဂုဏ္ဍိက နန္ဒရဲ့ ဖမ်းဆီးခြင်းခံထားရတာ​တော့ မဟုတ်ဘူးမလား "

" မဟုတ်ပါဘူး မယ်တော်ကြီးဘုရား
အဟိဂုဏ္ဍိက ကလည်း မင်းသားလေးပျောက်သွားတာကို အသည်းအသန်ရှာ​နေတာကို တွေ့ရပါတယ် ဒါကြောင့်မင်းသား​လေး အဖမ်းခံထားရတာ မဖြစ်နိုင်ပါဘူး "

" ဒါဆို မင်းသားလေးကို အမြန်ဆုံးတွေ့အောင်ရှာပါ "

" ဟုတ်ကဲ့ပါ မယ်တော်ကြီး "

Revenge Of The Snake PrinceWhere stories live. Discover now