ကိုကို ကျွန်တော်နဲ့ တွဲပါ ၂

1.4K 190 0
                                    

Zawgyi Ver

ချမ်းမြေ့​သော်က မြွေမင်းသားကို တွန်းလွှတ်လိုက်ပြီး

" အရှက်မရှိတဲ့လူ ထွက်သွား ဝေးဝေး...
ကျွန်တော့်​နောက် လိုက်မလာနဲ့ "

ချမ်းမြေ့​သော်က သောက်ထားတဲ့အရှိန်နဲ့ မူးလည်းမူး​နေကာ ငိုလည်းငို ပြောလည်းပြောရင်း

"ခင်ဗျားက တကယ် လူယုတ်မာကြီး ..အီး...
နောက်နေတာတဲ့လား
ကျွန်​တော့်ကို ဘယ်လို သတ်မှတ်နေတာလဲ"

မြွေမင်းသားက လက်ကို လှမ်းဆွဲတော့ သူ က ခါချလိုက်ရင်း အရှိန်လွန်ပြီး အနောက်ကို အနည်းငယ်ယိုင် သွားတယ်။
ပြီးတော့ အနည်းငယ်​လျှာ​လေး​နေတဲ့ အသံနဲ့

"ကျွန်တော်က ခင်ဗျားကို ကိုကိုလို့ မခေါ်လို့လား
အဲ့ဒီမိန်းက​လေးက ခင်ဗျားကို ကို ...လို့ ခေါ်လို့လား
ကျွန်တော်က သူ့လိုမျိုး​ခေါ်ရင် ကျွန်တော်နဲ့ တွဲမှာလား"

မြွေမင်းသားက မူးမူးနဲ့ လျှောက်ပြောနေတဲ့ ချမ်းမြေ့သော်ရဲ့ အူယားစရာ ပုံစံ​လေး​ကြောင့် သဘောကျစွာ ပြုံးလိုက်မိတယ်။

သူ့ရဲ့ အဖြေကို မျှော်လင့်တကြီး​ စောင့်စား​နေတဲ့ မျက်ဝန်းညိုညို​လေး​တွေကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်တယ်။

ချမ်းမြေ့သော်က သူ့ရဲ့ မျက်နှာ​လေးကို ငိုမဲ့မဲ့လုပ်
လက်နှစ်ဖက်ကို ဆန့်တန်းကာ ရှေ့တိုးလာပြီး မြွေမင်းသားရဲ့ ရင်ခွင်ထဲ ခေါင်းကိုအပ်ထားလိုက်တယ်။

"ကိုကို ကျွန်တော်နဲ့တွဲပါ"

သူ့ရင်ခွင်ထဲက ချမ်းမြေ့သော်ရဲ့ ဆံပင်နုနုလေးတွေကို အနမ်းလေးဖွဖွပေးရင်း

"အင်း....တွဲမယ်"

ချမ်းမြေ့သော်ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ကာ မျက်လုံး​တွေကို စေ့စေ့ကြည့်ပြီး

"မင်းရဲ့ ကိုကိုက အခုတော့ မအားသေးဘူး
လုပ်စရာရှိလို့ အပြင်သွားရဦးမယ်
ပြန်လာရင် တွဲမယ်​နော်
အခု အိမ်ပြန်နှင့် လိုက်ဦး"

မြွေမင်းသားက ချမ်းမြေ့​သော်ရဲ့လက်ကို အတင်းဆွဲခေါ်လာပြီး လမ်းမပေါ်ရောက်မှ တက္ကစီတစ်စီးကိုတားကာ တင်ပေးလိုက်တယ်။

Revenge Of The Snake PrinceWhere stories live. Discover now