ရှန်ဟိုင်း ၃

1.3K 265 3
                                    

Zawgyi Ver

လူ​တွေအုပ်စုလိုက်နဲ့ တိုက်ခိုက်လို့အပြီးမှာတော့
မြွေမင်းသားဟာ ပြပွဲခန်းမထဲကနေထွက်လာခဲ့တယ်။ အဂ္ဂနဲ့ မကြာသေးခင်ကမှ ရောက်လာတဲ့ သူတို့ဘက်က အကူတွေက ဦးနန္ဒကို တစ်ခန်းပြီးတစ်ခန်း ပတ်ရှာကြတယ်။

အဂ္ဂက ခန်းမထဲက ထွက်လာတယ်။

"သူတို့ မရှိတော့ဘူး"

"ငါတို့ လိုက်လာမှန်းသိရင် အစပါ ​ဖျောက်သွားမှာ ရှာရမှာ မဟုတ်​တော့ဘူး"

မြွေမင်းသားက စိတ်ပျက်စွာနဲ့ အပြင်ကို ထွက်လာခဲ့လိုက်တယ်။

ပြပွဲခန်းမရဲ့ အပြင်ထွက်လာတော့ ကားပါကင်နားမှာ ဝတီ( အမည်ရင်း ကုမုဒဝတီ သတဒီပ ကင်းမျိုးနွယ်မင်းသမီး ) က Jelly ကိုပွေ့ပြီး စောင့်နေတယ်။
သူမက လိုက်ချင်လှပါတယ်ဆိုလို့ မယ်တော်က သူနဲ့ ရင်းနှီးအောင်အတူထည့်ပေးလိုက်သည်။
သူမက Jelly ကိုအတော်လေးချစ်ပုံရတယ်။ ​အစကတော့ ​ခွေးနဲ့ ​မြွေ​တွေက မတည့်လို့ Jelly ကရန်လိုပေမယ့် အခုတော့ သူအတော်လေး နေတတ်နေပြီ။ သူမက မြွေမင်းသားကို နှစ်လိုဖွယ်အပြုံးလေးနဲ့ ချိုချိုသာသာပြုံးပြ​နေတုန်း သူမလက်ထဲက Jelly က ရုတ်တရက် ခုန်ထွက်ကာ ပြေးဆင်းသွားတယ်။
Jelly က မြွေမင်းသားဆီ​ပြေးသွားတယ် ထင်ရပေမယ့် မြွေမင်းသားနား​ရောက်​တော့ မြွေမင်းသားကို​ကျော်ကာ ပြေးထွက်သွားတယ်။
ဝတီက Jelly နောက်ကိုတကြော်ကြော်ခေါ်ရင်း လိုက်သွားတယ်။ မြွေမင်းသားကလည်း နောက်ကလိုက်​နေ​ရင်း ​ကျော​ပေးထားတဲ့လူတစ်ယောက်နားအ​ရောက်မှာ​တော့ Jelly က ရပ်သွားတယ်။
ပြီးတော့ ထိုလူရဲ့ခြေထောက်ကြားထဲဝင်ပြီး Jelly က ဝိုင်းကြီးပတ်ပတ်လုပ်နေတယ်။

မြွေမင်းသားက ​မျှော်လင့်မထားပါဘဲ ချမ်းမြေ့သော်ကို​တွေ့​လိုက်ရတော့ ရင်ထဲမှာ ကြည်နူးရိပ်က​လေးသန်းသွားတယ်။ အနှစ်နှစ်အလလ မတွေ့ရဘဲ လွမ်းဆွတ်နေရတဲ့သူကို တွေ့လိုက်ရသလို စိတ်ညစ်စရာ​တွေ ခဏ​မေ့သွားကာ ချက်ချင်းပဲ သူ့ကို​နောက်က​နေ လှမ်းဆွဲလိုက်တယ်။
ချမ်းမြေ့သော်က ရုတ်တရက်လန့်ဖြန့်ပြီး သူ့ကိုကြောင်တောင်ငေးကြည့်နေတယ်။ ပြီးတော့ အံ့အားသင့်သွားသလိုမယုံနိုင်တဲ့ အမူအရာဖြစ်နေပြီး တချိန်ထဲမှာပဲ မှဲ့နက်က​လေး​တွေ ​ကော့တတ်သွားသည်အထိ ပြုံးလိုက်သည်။

Revenge Of The Snake PrinceWhere stories live. Discover now