Extra (Day 9)

Start bij het begin
                                    

မြောက်ပိုင်းက လက်အောက်ခံအကြီးအကဲနှင့် သားတော်တို့သည် ယခင်အခါများက တောင်ပိုင်းနိုင်ငံများ၏ အရေးအရာတို့ကို ပါဝင်ခြင်း မရှိချေ။ ယခုလို အခမ်းအနား ဖိတ်ကြားမှုတို့ကို အလိမ္မာဖြင့် ငြင်းပယ်မည် ဖြစ်သည်။ သို့သော် ၎င်းတို့၏ ဘုရင်လီချန်းယုံသည် တောင်ပိုင်းဘုရင်ကြီးနှင့်လတ်ဆတ်ပြီး ဆယ့်ခြောက်ပြည်ထောင် ပေါင်းစည်းသွားချိန်မှစ၍ ၎င်းတို့သည်လည်း ဆယ်ခြောက်ပြည်ထောင်ထဲ ပါဝင်လာချေသည်။ ထိုမှစ၍ ယခုလို ဖိတ်ကြားမှုများကို လက်ခံတက်ရောက်လာပြီး နိုင်ငံများအကြား ကူးလူးဆက်ဆံမှု ရှိလာခြင်း ဖြစ်သည်။

အခမ်းအနားစတင်မည့်ရှေ့ပြေးအနေဖြင့် သာယာသော တူရိယာသံတို့၏ ရှေ့ပြေးတီးခတ်မှုစတင်လာလေသည်။ ခန်းမကျယ်ကြီးတွင် ငြိမ့်ညောင်းသော ဂီတသံက သာယာနာပျော်ဖွယ် ထွက်ပေါ်လာသည်။ ထို့ကြောင့် ဆူညံစွာပြောဆိုနေသော လူများ အနည်းငယ်ငြိမ်သက်ကာ စကားသံများဆဲသွားသည်။

သခင်မကျန်းသည် အချိန်ကျရောက်ပြီဟု နားလည်ထားသောကြောင့် ပလ္လင်၏ အရှေ့တည့်တည့်တွင် ရှိနေသော နတ်ဆရာမများကို ဘေးသို့ရို့စေကာ ပလ္လင်သို့ သွားရန် လမ်းကြောင်းမှ အတအဆီးများကို ဖယ်ရှားစေသည်။ လူများစွာ၏ အာရုံက သခင်မကျန်းထံသို့ ရောက်လာသည်။ ယခုမှသတိခါးမိသည်။ ခန်းမကျယ်ကြီးအလယ်ရှိ အဝင်တံခါးမှ ပလ္လင်အထိ ကတ္တီပါအခင်းကြီးတစ်ခုက လျှောက်လှမ်းသဖွယ် ရှိနေသည်။ ထိုလျှောက်လမ်းသည် သာမန်လူတို့အတွက်တော့ မဟုတ်တန်ရာ။ အရှင်နှစ်ပါးလာရောက်မည်က သေချာရန်ရှိသောကြောင့် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

"ဂျိန်း''
ထိုစဥ် ခန်းမကျယ်ကြီး၏ တံခါးနှစ်ချပ် ပွင့်ဟလာလေသည်။

ခန်းမထဲရှိလူများ၏ အကြည့်သည် တံခါးဝဆီသို့ရောက်သွားသည်။

ရွှေရောင်နဂါးသဏ္ဍာန်ကို ဝင့်ကြွားစွာ ဖော်ကျူးထားသောအနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လျှောက်လှမ်းကို အေးအေးဆေးဆေး ကျော်ဖြတ်ကာ လှမ်းဝင်လာသည်ကို လူများစွာ တွေ့လိုက်ရပေသည်။ ထိုလူ၏ ရုပ်ဆင်းသွင်ပြင်သည် နတ်ဘုရားတစ်ပါးလို ချောမောခန့်ညားပြီး သူ၏ ကိုယ်မှ အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည်။ ထိုလူ၏ အမူအရာကို ခြုံ၍ ပြောရသော် ဥပမာတစ်ခုတည်းသာ အသုံးပြုနိုင်မည်။ ၎င်းသည် ဆယ့်ခြောက်ပြည်ထောင်ကို ပိုင်စိုးသည့်အလား လျှောက်လှမ်းကို လှမ်းဝင်လာသည်။

The True Conqueror [Complete]Waar verhalen tot leven komen. Ontdek het nu