💜 S3 EP - 7 💜

Start from the beginning
                                    

အခုတွေ့ဆုံတဲ့ကိစ္စဟာ Mr Mak တို့ဘက်ကနေ ပြခန်းမှာချိတ်တင်လာတဲ့ပန်းချီကားချပ်ကာ လေလံမှာရောင်းထွက်သွားပေမယ့် .. ထိုပန်းချီကားချပ်နဲ့ပက်သတ်ပြီး ရေးဆွဲသူဟာ သူနဲ့ Mr Mak နဲ့ ပြသာနာအကြောင်းအရာကိုပြောပြပြီး ဒီပန်းချီကားအတွက် ကန့်ကွက်ကြောင်း နှိုင်း ဆီဆက်သွယ်လာခဲ့သည် ။

" ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် Mr Lu .. ကျွန်တော်တို့ဘက်ကလဲ ပန်းချီဆရာ နဲ့ညှိနှိုင်းပြီး ပြသာနာအမြန်ဆုံးဖြေရှင်းပေးပြီး အကြောင်းပြန်ပေးပါမယ် "

" ကျေးဇူးတင်ပါတယ် Mr Mak .. သတင်းကောင်းကိုစောင့်နေပါ့မယ် .. "

တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကာပင် ပြန်ထွက်လာခဲ့သည် ။ နှိုင်း ဟာ ထွက်သွားတဲ့ ထိုလူကြီးရဲ့ ကားကိုသေချာကြည့်ရင်း ...

" တစ်နပ်စာဉာဏ်နဲ့လုပ်နေတာပဲ အဟက် "

နှိုင်း ဒီလောကထဲ စ ဝင်လာခဲ့တည်းက ဒီလိုကိစ္စတွေဟာ နှိုင်း အတွက်မထူးဆန်းတော့ချေ ။ အခုဒီကိစ္စဟာ လဲ သေချာပေါက် ဒီလူကြီးရဲ့ဉာဏ်များပြီး တကွက်ရိုက်ချက်မှန်းသိပေမယ့် နှိုင်း နဲ့ မဆိုင်တာမို့ ထားလိုက်သည် ။

" ဗိုက်ဆာလိုက်တာကွာ .. အာ ဗိုက်ဆာတယ်ဆိုမှသတိရတယ် .. ဟိုလူဆိုးကောင်လေးကိုမနက်ကဘာမှမကျွေးလိုက်ရဘူး "

ကိုယ်တိုင်က ဗိုက်ဆာနေပေမယ့် အတွေးထဲမှာတော့ မနေ့ညက ကောင်လေးကိုတွေးပူမိသွားသေးသည် ။

နှိုင်း ကားကအိမ်မှာမို့ ဒီနေ့တော့ Company ကို Taxi နဲ့ပင် ထွက်လာခဲ့သည် ။
___________________________________________________

ထင်တဲ့အတိုင်းပဲ Company ရောက်သည်နှင့် နှိုင်းသုတ ရုံးခန်းထဲမှာ အဆင်သင့်စောင့်နေတဲ့ ရိုက်သတ်ချင်စရာကောင်းတဲ့ သူငယ်ချင်းသုံးကောင် ကိုတွေ့လိုက်ပါပြီ ။

ထိုထဲတွင် ရှိုင်းထက်အောင် က နှိုင်းသုတ ဝင်လာတာနဲ့ တကိုယ်လုံးကို ဆုန်ချည်ဆန်ချည်ကြည့်ကာ စိုးရိမ်ထိပ်လန့်နေတဲ့ပုံပေါ်နေပေမယ့် ... တုံးအ လွန်းတဲ့ နှိုင်းသုတ တစ်ယောက်ကတော့ ရိုးသားစွာစိတ်ပူနေတယ်လို့ပဲတွေးနေသည် ။

" တော်သေးတာပေါ့ မင်းတို့ကောင်တွေငါ့ဆီလာဖို့ သတိရသေးလို့ "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now