Part 84

13.5K 1.8K 143
                                    

"ထမင်းမစားဘူးဆို..."

နောက်နားက ရိပေါ်အသံက စိုးရိမ်စိတ်
ရောပြွမ်းနေပေမဲ့ သူခေါင်းခါကာ
ညာလိုက်မိသည်။ရိပေါ်စိတ်ကွက်မှာ
သေးသေးလေးတောင်မလိုချင်ပါ။

"မဟုတ်ဘူး။မင်းနဲ့စားချင်လို့စောင့်နေတာ"

"နောက်ဆိုမစောင့်နဲ့။ဗိုက်ဆာရင်စား။ကြားလား!"

ခေါင်းကိုငြိမ့်ပြမိတာက လိမ်မာတဲ့ ကောင်လေးအဖြစ်
ရိပေါ်နားမှာမြဲနေချင်တဲ့ အသိတစ်ခုတည်းရယ်။
ချစ်သူက သဘောပြည့်ဝတဲ့သူမို့ ဒုတိယအခွင့်အရေးကို
ဖန်ဆင်းပေးထားတာလေ။

"လာ..သွားစားမယ်"

သူ့လက်သေးသေးလေးကိုမြုပ်အောင်ဆုပ်ကိုင်သွားတဲ့
ရိပေါ်ရဲ့လက်ဖဝါးကြီးတွေက အောက်ထပ်ကို
ရောက်အောင်ဆွဲခေါ်လာစေခဲ့ပြီး

"ထိုင်။ဘာစားမလဲ"

တကယ်တော့ အောင့်သက်နေတဲ့ ဗိုက်ကြောင့်
ဘာမှမထိချင်။မစားချင်ဘူးပြောရင် ရိပေါ်
စိတ်ကွက်သွားလေမလားဆိုတဲ့အသိနဲ့
ဇွန်းကို အားမပါစွာကောက်ကိုင်ပြီး

"မင်းထည့်ပေးတာစားမယ်"

သူ့စကားကို ရိပေါ်က နှစ်လိုဖွယ်အပြုံးလေးနဲ့
တုန့်ပြန်ပြီး ဆံစတိုတိုလေးတွေကို ဆွဲဖွသွားတယ်။
သူ့စကားနားထောင်ရင်သဘောကျမယ်ပေါ့။

"ဗိုက်ကရော။အခြေနေ ဘယ်လိုလဲ"

အလိုက်သိစွာမေးလာတဲ့ ရိပေါ်က လိမ်တာလည်း
မကြိုက်ဘူးမို့ အမှန်တိုင်းဖြေလိုက်တော့
စိုးရိမ်ရိပ်တွေပြေးသွားတဲ့ ရိပေါ်မျက်နှာလေး။

"ဟာကွာ။အဲ့တာကို ထမင်းစားဖို့လုပ်နေတာလား။
ဆန်ပြုတ်ပြုတ်။ကြက်သားများများလေးနဲ့
အခုလုပ်ပေး"

စားဖိုမှုးတွေကိုပျာပျာသလဲ ခိုင်းပြီး ရှောင်းကျန့်ခုံနား
အတင်းကပ်လို့ ထိုင်ရင်း ဗိုက်ချပ်ချပ်လေးကို
မြင်သာဖို့ အကျီ င်္စလေးကိုလှန်ကြည့်ရင်းက

"ချုပ်ရိုးနေရာ ရောင်နေတယ်။"

ပြောပြီးရှောင်းကျန့်နဖူးလေးနားလက်ဖမိုးလေးတစ်ခု
တင်ကျလာရင်းက

Represented by Cinderella{Completed}Where stories live. Discover now