Part 10

20.9K 2.8K 105
                                    

4ရက်ရှိပြီ...သူကျောင်းမတတ်တာ။
ပါပါးကလည်း ဆူလိုက်ငေါက်လိုက်တာ
၃မိနစ် တစ်ခါ။

အရင်ကဆို နားပူလို့ဆိုပြီး
ကျောင်းသွားရင်သွားမယ် အခုတော့
သူမသွားချင်။

အကြောင်းကတော့ သူတစ်ခုခုကို
ကြောက်နေတာ....ပြီးတော့...
အားနာနေတာ...............

"ကျစ်!!ငတုံးကောင်...."

စိတ်ပျက်စွာစုတ်သပ်မိသည်က
သူ့အကြောင်းတွေချည်းတွေးနေမိလို့။
ဝမ်ရိပေါ်ဆိုတာ စိတ်ပူတဲ့လူစားမဟုတ်ဘူး။
ဒါပေမဲ့ ငတုံးကိုကျ...

ရူပ်နေတဲ့စိတ်တွေကြောင့်
စက်ဘီးလေးဆွဲပြီး လေညှင်းခံ
ထွက်ဖို့သာတွေးလိုက်သည်။

ဒါလည်း သူ့စတိုင်မဟုတ်ပါဘူးလေ။

"ဟင်....ငတုံး...."

ခပ်လှမ်းလှမ်းက သူ့ကိုလှမ်းကြည့်နေတဲ့
ကောင်လေးကြောင့် ရင်တွေဘာတွေတောင်
တုန်သွားတာ ရိပေါ်မဟုတ်သလို။

ဆိုင်ထဲက ပြေးထွက်လာတဲ့ အရိပ်ဖြူလေးက
သူ့ဆီလာနေမှန်းသတာနဲ့ ရိပေါ်လည်း
စက်ဘီးကိုပြန်လှည့်ပြေးရန်ပြင်လိုက်သည်။

"၀မ်ရိပေါ်!!!"

ရှေ့ကိုလာပိတ်ရပ်တဲ့ငတုံးကိုသူမကြည့်ချင်။
မကြည့်ရဲတာဆိုပိုမှန်မည်။
ဒါပေမဲ့ လက်တွေမှာတော့ အားတင်းရင်း
ရှောင်ကျန့်ကိုဘုကြည့်ကြည့်ကာ

"ဘာလဲ..."

"ဘာလို့ကျောင်းမလာတာလဲ... "

ရှောင်ကျန့်ဆီက ဒီစကားကိုကြားရတာ
သူ့အတွက်ထူးဆန်းစွာ ပျော်သလိုလို။
ငတုံးနဲ့ကြမှ ခံစားချက်တွေရောထွေးလွန်းတာ
သူဝန်ခံပါတယ်......

"ငါမလာတာမင်းဘယ်လိုသိတာလဲ...."

"A1အခန်းဆိုတာ ငါ့အတွက်
သာမာန်အခန်းပဲ....၀င်ချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက်လို့ရတယ်.....
မင်းသာကျောင်းခေါ်ချိန်တွေမှာ
ကွက်လပ်ဖြစ်နေတာ.... "

"အဲ့တော့ငါ့ကိုကျောင်းမတတ်လို့
လာပြောတာလား...ဆရာတွေကပြောခိုင်းလို့လား။
အဲ့တာဆိုလည်းပြောလိုက်...
ရိပေါ် ကျောင်းမတတ်ချင်သေးလို့ လို့ပဲ.."

Represented by Cinderella{Completed}Where stories live. Discover now