Part 68

14K 1.8K 138
                                    

အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်အခြေအနေမှာ
သူ့ခါးကိုရစ်ပတ်လာတဲ့လက်တစ်စုံကြောင့်
လန့်နိုးသွားရတယ်။ရိပေါ်ရဲ့အသက်ရူသံ
ပြင်းပြင်းက သူ့လည်တိုင်ကိုလာရိုက်ကာ
ဖက်တွယ်ထားတဲ့ လက်တွေကလည်း
တင်းကြပ်ကြပ်။

"ရိပေါ်"

ညင်ညင်သာသာလေးနိုးခေါ်မိတော့ သူ့ကျောကို
မျက်နှာတိုးလို့ ရိပေါ်က အိပ်ဖို့ပြင်တယ်။
ရိပေါ်ဘက်ကို လှည့်ပြီး ပါးနှစ်ဖက်ကို
အုပ်ကိုင်လိုက်တော့စူထွက်လာတဲ့နှုတ်ခမ်းလေး။

"ပင်ပန်းနေတာလား!!'

"အင်း"

ပြောပြီးရိပေါ်ကသူ့ခါးကနေ ဆွဲယူလို့
ပက်လက်လှန်ကာ အုပ်မိုးလာတယ်။
ဆံစတွေအောက်က မျက်လုံးစူးတွေက
သိပ်လှတာပဲ။

"ချစ်တယ်!!"

ရှောင်းကျန့်တစ်ကိုယ်လုံးကို တက်ဖိလို့
မျက်နှာတစ်ခုလုံးကိုအနမ်းတွေကျဲချနေတဲ့ရိပေါ်။
မျက်လုံးလေးမှိတ်ကာခံယူနေလိုက်တော့
နှုတ်ခမ်းသားတွေပြတ်ထွက်မတတ်အနမ်းခံလိုက်ရတယ်။

သူ့ အောက်ပိုင်းကိုလာရောက်ဆုပ်ကိုင်လာတဲ့
ရိပေါ်ကြောင့် စိတ်ထဲမှာ ခံစားချက်ကမျိုးစုံ။

ရိပေါ်ရဲ့လှုပ်ရှားမှုတွေကြားမှာ အရုပ်လေး
တစ်ရုပ်လိုလွင့်နေခဲ့ပြီး နာကျင်မှုတွေကြား
အံကြိတ်ထားမိတယ်။

သူ့ကျောပြင်ပေါ်ကျရောက်လာတဲ့
ရိပေါ်နှုတ်ခမ်းတွေက သာယာမှုအပြည့်။

ပင်ပန်းသွားလို့ မဖွင့်နိုင်တော့တဲ့သူ့မျက်လုံးတွေရယ်
သူ့အသိတွေရယ်ကြားက ချစ်သူလက်မောင်းကို
ရအောင်ချိတ်တွယ်ရင်းအိပ်ခဲ့တယ်။
အသက်ရူသံလေးတွေမှာကအစ
ချစ်ခြင်းတရားတွေအပြည့်။

〰️〰️〰️〰️〰️

"ငါ ဒီနေ့ညနောက်ကျလိမ့်မယ်။
မင်း ထမင်းစားမစောင့်နဲ့နော်"

Necktieကိုစည်းပေးနေရင်းက ရိပေါ်က
ပြောတော့သူခေါင်းငြိမ့်လိုက်ရင်း

"တအားအလုပ်တွေမလုပ်နဲ့။ပင်ပန်းတယ်"

ပြောပြီး ခြေဖျားထောက်လို့ရိပေါ်နှုတ်ခမ်းတွေကို
ဖိကပ်နမ်းလိုက်တယ်။ဒါကအလုပ်သွားတိုင်း
သူပြုနေကျဝတ္တရားတစ်ခုပင်။

Represented by Cinderella{Completed}Where stories live. Discover now