Part 50

17.6K 2.3K 147
                                    

"ရိကျန့်လေးကို စိတ်ချချ ထားခဲ့ပါ။
ကျွန်မက ရိကျန့်လေးတစ်ရက်မရှိရင်
နေနိုင်တာမဟုတ်ဘူးရယ်..."

မူကြိုဆရာမလေးက ရှောင်ကျန့်ကို
အားမနာဖို့ပြောတယ်။သူ့သားတော်မောင်ကလည်း
စိတ်ချဖို့ တတွတ်တွတ်မှာရှာတယ်။
၅နှစ်မပြည့်သေးတဲ့ ဒီကလေးလေး
သူ့အပေါ် နားလည်ပေးလွန်းလှသည်။

စာမေးပွဲကာလမလို့ ရှောင်ကျန့်
ကျောင်းပျက်လို့လည်းမရ။
ဒီနေ့ မူကြိုကျောင်းကို အရေးကြီး
ဧည့်သည်တွေ လာမယ်ဆိုတော့
ကျောင်းသားမဟုတ်သည့် ရိကျန့်လေးကြောင့်
ဆရာမလေးကို အားနာသည်။

"ဖြစ်ပါ့မလား..သားက အလုပ်ရူပ်နေပါ့မယ်။"

"ကဲ ..ရှောင်ကျန့်ကော...ကျောင်းသွားမလား။
ကျွန်မ မောင်းထုတ်ရမလား။
ကျွန်မတို့ဆီမှာမှ မထားခဲ့ရင်
ဘယ်သူ့ဆီသွားထားမယ်တွေးနေတာလဲ။
အလုပ်ကစွေ့ရန်တို့ဆီကိုလား.."

ဟုတ်တော့လည်း ဟုတ်သည်မို့
သူရယ်ကျဲကျဲနဲ့သာပြုံးပြလိုက်မိသည်။

"အဲ့တာဆို ထားခဲ့မယ်နော်။
တစ်ခုခုဆို ကျွန်တော့်ကို Phone
လှမ်းဆက်ပေးပါနော်။"

"သွားမှာသာ သွားပါရှင်။ဒီနေ့ စာမေးပွဲ
နောက်ဆုံးနေ့လေးကို စိတ်ချချသွားဖြေ။"

ဆရာမလေးစကားကြောင့် သူရိကျန့်လေးကို
နှုတ်ဆက်ကာ  ကျောင်းကို ထွက်လာခဲ့လိုက်သည်။

မူကြိုကျောင်းလေးထဲက အထွက်
ဝင်လာတဲ့ ကားအနက်တွေကို
အမှတ်တမဲ့သာ။

ကားပေါ်က တစ်စုံတစ်ယောက်ကတော့
သူ့ကျောပြင်လေးကို မရေရာစွာ
လှမ်းကြည့်လို့။

〰️〰️〰️〰️

"Mr.Wang..ဘာတွေအဲ့လောက်ငေးနေတာလဲ"

ကားအပြင်ဘက်က ကျောပြင်လေးကို
တစ်စုံတစ်ယောက်နဲ့လွဲမှားစွာ
ငေးမောနေမိတော့ ဘေးနားက
သူငယ်ချင်းက လက်တို့လိုက်ခါမှ
သူလက်ရှိကိုသတိရလာမိတယ်။

"Sorry..အသိတစ်ယောက်နဲ့ တူလို့
လိုက်ကြည့်မိတာ။ဆင်းကြတော့မလား.."

မူကြိုကျောင်းလေးထဲက ကလေးတွေက
သူတို့ကို တန်းစီပြီး နှုတ်ဆက်ကြတယ်။
ကလေးတွေက ရိပေါ်သူငယ်ချင်း
Jackရဲ့ခပ်ပြုံးပြုံးမျက်နှာကြောင့်
ရယ်ရယ်မောမောရှိကြပေမဲ့ ရိပေါ်
ဝင်လာတာနဲ့အမျှ တိတ်ဆိတ်သွားကြတယ်။

Represented by Cinderella{Completed}Where stories live. Discover now