Part 46

16K 2.1K 168
                                    

"တော်တော်ပျော်နေကြတယ်ပေါ့ .."

ဆိုင်ပေါက်ဝမှာ တည်တည်တံ့တံ့ရပ်နေတဲ့
ရိပေါ်က သူ့မျက်လုံးတွေကို စေ့စေ့ကြည့်ရင်း
ပြောလာတယ်။

"ပျော်တာပေါ့...ငါ့ချစ်သူနဲ့ပဲ.."

စွေ့ရန်က ရှောင်ကျန့်ပါးကိုဖိကိုင်လို့
ရိပေါ်ကို ခပ်ရွဲ့ရွဲ့ပြန်ပြောတယ်။
ရိပေါ်ကတော့ သူ့ကိုပဲကြည့်နေတုန်း။

"ငါမေးတာ ရှောင်ကျန့်ကို ။
မင်းကိုမဟုတ်ဘူး ကြာကူလီကောင်"

ခပ်ရွဲ့ရွဲ့စကားတွေကို ရှောင်ကျန့်ကို
ကြည့်ပြီးပဲ ပြောပြန်တယ်။
သက်ပြင်းကို ခပ်လေးလေးချလို့
ရိပေါ်ကိုပြန်ကြည့်လိုက်တယ်။
ပြီးတော့ ခပ်မဲ့မဲ့အပြုံး...

"ငါပျော်တယ်။သူက မင်းမဟုတ်လို့။"

ရွဲ့တတ်သွားတဲ့ ရိပေါ် နှုတ်ခမ်းလေးက
အပေါ်ကိုကွေးတတ်သွားတယ်။
ငါ့နှလုံးသားသေသွားပြီချစ်သူ။

"ပျော်နိုင်ပါစေ။ငါ့ကိုလှည့်စားတဲ့
မင်းတို့နှစ်ယောက်လုံး အနာဂတ်မှာ
ဝဋ်မလည်ဘဲနဲ့..."

တလှမ်းချင်းနောက်ဆုတ်သွားတဲ့
ရိပေါ်ရဲ့ခြေလှမ်းတိုင်းက
သူ့နှလုံးသားကိုချနင်းသွားတယ်။
အားတင်းထားတယ်။မငိုသေးဘူး။

ရိပေါ်ရဲ့ကားလေး မြင်ကွင်းကနေ
ပျောက်ကွယ်သွားတာနဲ့တပြိုင်နက်
စုထားသမျမျက်ရည်တွေ အကုန်သွန်ချမိတယ်။

"ငါ...ငါသူ့ကို အရမ်းချစ်တာ...
သူ့...သူ့ကို..."

ရိုက်သံတွေနဲ့မပီပြင်တော့တဲ့
သူ့စကားလုံးတွေက ဗလောင်းဗလဲ။

"ချစ်တယ်ရိပေါ်...သေလောက်အောင်ချစ်တယ်။!"

ဒီလောက်ပဲရေရရွတ်င်္ပြီး ဒီ့ထက်ငိုပါရစေ
ချစ်သူ။နာနေတဲ့ငါ့ရင်ဘတ်က
ဒီလိုမျိုးငိုမှ ပေါ့သွားမှာမိုလို့ပါ။

〰️〰️〰️〰️〰️

"သား နောက်နှစ်အနည်းငယ်လောက်တော့
မာမားကို လာတွေ့ဖြစ်အုံးမှာ မဟုတ်ဘူး။
သားကို လွမ်းနေနော်..."

နိုင်ငံခြားကျောင်းသွားတက်ဖို့
စီစဉ်လိုက်တဲံ့ရိပေါ်က လုံးဝသွေးအေးတဲ့
ကောင်လေးအဖြစ်ပြောင်းလဲသွားတယ်။

Represented by Cinderella{Completed}Where stories live. Discover now