Part 32

16.2K 2.4K 190
                                    

"မင်းအဆင်ပြေပါ့မလား..နေကောင်းခါစလေးကို"

သူ့နဖူးပေါ်လာတင်တဲ့ ရှောင်ကျန့်လက်လေးကို
သူ့လက်ဖဝါးတွေကြား ဆုပ်ကိုင်ပြီး
ပြုံးပြလိုက်တော့ ငတုံးက မယုံသင်္ကာအကြည့်လေးနဲ့။

"စိတ်မပူပါနဲ့...ငါလုပ်နိုင်ပါတယ်။
ငါမပါရင် မင်းတို့ကျောင်းရူံးမှာရယ်..."

"ရူံးပါစေပေါ့...အခုမှဘာလို့ကျောင်းရဲ့
ဂုဏ်ကို ထိန်းချင်နေရတာလဲ"

"မင်းကြောင့်လေ။မင်းပဲ ငါ့ကိုလက်ခုပ်တီးပြီး
အားပေးမယ်ဆို။အဲ့တည်းက ငါရွှေတံဆိပ်ဆုကြီး
ယူဖို့တွေးထားပြီးသား။"

နောက်ဆုံးအနေနဲ့ ငတုံးနဖူးလေးကို
အနမ်းခြွေလိုက်ပြီး စပ်ဖြဲဖြဲနဲ့ရယ်မိပြန်တယ်။
ကောင်လေးကတော့ သူ့ကို ယဲ့ယဲ့လေးပဲ
ပြုံးပြလို့။

"သွားပြီနော်....ငါ့နာမည်ကို အကျယ်ကြီး
အော်ဖို့ မမေ့နဲ့..."

Lockerခန်းထဲကထွက်ပြီး အားကစား
ရုံထဲ ၀င်လာလိုက်တော့ ကျယ်လောင်စွာ
ထွက်လာတဲ့ အားပေးသံတွေ။

ကစားချိန်မစမီ အစမ်းလေ့ကျင့်နေတုန်း
ငတုံးလေးဆီကို သူလှမ်းကြည့်ရတာ အခါခါ။
အရင်သူထိုင်နေကြ လူရှင်းတဲ့နေရာလေးမှာပဲ
ထိုင်နေတဲ့ရှောင်ကျန့်က သူများတွေလို
အကျယ်ကြီးမအော်ပေမဲ့ သူလှမ်းကြည့်တိုင်း
အကြည့်က သူ့ဆီမှာမိုလို့
ကျေနပ်ရသေးတယ်။

ရိပေါ်ဆိုတာ ဒါလုပ်ရမယ်လို့အမိန့်ပေးလိုက်ရင်
လိုက်နာမှ ကြိုက်တဲ့ လူမျိုး..
မင်းနဲ့ကြမှအဲ့လူက 'အဆင်ပြေသလိုပေါ့လို့'
တွေးပေးသွားတတ်တာရယ်...

〰️〰️〰️〰️〰️

"မြန်မြန်မောင်းပါဟ...ကျောင်းတံခါးပိတ်သွားမှ"

"ကျောင်းတံခါးကတော့ ပိတ်ပြီပေါ့ကွာ။
ရအောင်တော့ပြောကြည့်ရမှာပဲ"

ကားကိုအရှိန်တင်ရင်း ရိပေါ်ရဲ့
Bodyguard နှစ်ယောက်
အငြင်းပွားနေကြသည်။

ချစ်စရာကောင်းတဲ့သခင်လေးက
မိုးကြိုးငယ်ထိပ်ပစ်မဲ့ ကိစ္စကိုလုပ်သွားတာကိုး။
သူတို့သာ သခင်လေး အိပ်ခန်းထဲ
ဝင်မကြည့်မိရင် သခင်ကြီးအရင်သိပြီး
သခင်ကြီးလက်နဲ့သေမှာအမှန်။

Represented by Cinderella{Completed}Where stories live. Discover now