Arc 1.1 Modern World (Hong Lei)

Start from the beginning
                                    

ကျောင်းမှ Activities များအတွက် Club အသီးသီးမှ အဖွဲ့ဝင်သစ် ခေါ်ယူသည့်နေ့ မှာ ဟုန်လေ့က ကောမင်ကို စတွေ့ခဲ့သည်။ ကောမင်က ကျောင်းသားရေးရာအတွက် အဖွဲ့ဝင်ခေါ်ယူဖို့ ဖောင်ဝေနေတာကို ဟုန်လေ့ရဲ့ စိတ်ထဲမှာ မိုက်သည်ဟု ဆွဲဆောင်မှု တမျိုး ခံစားရတာကြောင့် စိတ်လွတ်နေချိန် သူ့ရှေ့ကို ထိုးပေးလာသော စာရွက်ကို ဒီလိုပဲ ကောက်ဖြည့်ပြီးပေးခဲ့လိုက်ရာမှ ကျောင်းသားရေးရာ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

သို့ပေမယ့် လက်တွေ့မှာ ကောမင်အနားကပ်ဖို့ နေနေသာသာ ဇာတ်လိုက်မ ယွင်ဖန်၏အလုပ်များကို လုပ်ပေး ၊ သူမ တလွဲလုပ်ခဲ့တာတွေကိုချည်း လိုက်ဖြေရှင်းပေးဖို့ ဖြစ်လာလေသည်။ ဟုန်လေ့က ယွင်ဖန်ခိုင်းသမျှကို မငြင်းနိုင်တဲ့ အကြောင်းတရားရှိသည်။ ယွင်ဖန်က ဟုန်လေ့၏ ညီမ တဝမ်းကွဲ ဖြစ်ပြီး ဟုန်လေ့က ကောမင်ကို စိတ်ဝင်စားနေသည့်အကြောင်းကို သိထားသည်။

ဟုန်လေ့က မိဘမဲ့ဖြစ်ပြီး အဖေ့၏အမဖြစ်သူ (ယွင်ဖန်၏ အမေ)အိမ်မှာ ကပ်နေရတာဖြစ်သည်။ ထို့ပြင် ဟုန်လေ့ကို လိင်တူနှစါသက်သူဖြစ်တာကြောင့် ထိုသားအမိက မနှစ်မြို့ပဲ အခိုင်းအစေသာသာ ထားလေသည်။ ထို့ပြင် မကြာခဏဆိုသလို ဘာမဟုတ်တဲ့ကိစ္စလေးနှင့် အပြစ်ပေးသည်ဟုဆိုကာ ဆွဲလိမ်ခြင်း ရိုက်နှက်ခြင်း ထမင်းမကျွေးခြင်းတို့ကိုလည်း လုပ်တတ်သေးသည်။

ဟုန်လေ့မှာ ကိုယ်ပိုင်အချိန်၊ နားချိန်ဆိုတာမရှိ။ တချိန်လုံး ကျောင်းတွင် သူမအလုပ်၊ အိမ်တွင် အိမ်အလုပ်များကို လုပ်ပေးနေရသည်။  ကောမင်ကလည်း ယွင်ဖန်ကို သဘောကျနေသောကြောင့် ဟုန်လေ့အတွက် မတရားမှန်း သိသိကြီးနှင့်ကို လျစ်လျှူရှုထားသည်။

ယွင်ဖန်က အမြဲဆိုသလို 'ငါဖြစ်ချင်တဲ့အတိုင်း နင်လုပ်မပေးရင် ကောမင်ကို နင့်အကြောင်းတွေ ပြောပစ်လိုက်မယ်။ ကောမင်က နင့်ကို အရမ်းရွံသွားမှာပဲ။ အနားတောင် ကပ်ခံတော့မှာ မဟုတ်ဘူး' စသဖြင့် ပြောဆိုချိန်းခြောက်လေ့ရှိသည်။

တဖြည်းဖြည်းနဲ့ အရမ်းလွန်လာတဲ့ တနေ့မှာ ဟုန်လေ့က သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲလာတော့သည်။ အဆုံးမှာ ယွင်ဖန်နဲ့ စကားများပြီး လှည့်ထွက်အလာတွင် မကျေမနပ် ရန်လိုက်ရှာသော ယွင်ဖန်ရဲ့ နောက်လိုက်ခွေးများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကျောင်း၏ဝရံတာသုံးလွှာပေါ်မှ  ပြုတ်ကျပြီး သေဆုံးခဲ့လေသည်။

The Stranger I love (System)Where stories live. Discover now