အပိုင်း - ၅၈

Start from the beginning
                                    

ပိုင်ရန်ပြန်ပြောစရာစကားတောင် မရှိတော့ဘူး။

နတ်ဆိုးဘုရင်ကြီးရဲ့အမူအယာက အရမ်းတည်ကြည်နေပြီး သူ့အကြည့်တွေက အလွန်လေးနက်နေတဲ့အပြင် လေသံကလည်း အလွန်ခက်ထန်... နတ်ဆိုးဘုရင်ကြီးက အရေးပါတဲ့ကျိန်ဆိုမှုတစ်ခုလုပ်နေတာမဟုတ်ဘူးလို့ ပိုင်ရန်ယုံကြည်ဖို့တောင်မှ အသံက ခက်ထန်လွန်းနေတယ်။

သူအမှန်တိုင်းပြောနေမှန်း ပိုင်ရန်ယုံတယ်။

"အရှင်ကြီး ကျွန်တော်က ဘာဖြစ်တာပါလဲ?" သူပိုတွေးလေလေ သူသေတော့မလိုဖြစ်နေတာမှန်း ပိုသေချာလာလေဖြစ်နေတယ်။ မဟုတ်ရင် နတ်ဆိုးဘုရင်ကြီးက ဘာကြောင့် သူ့ကိုဒီလိုအရာတွေပြောနေမှာလဲ?

နတ်ဆိုးဘုရင်ကြီး ပိုင်ရန့်ရဲ့မျက်နှာကို ပွတ်သပ်လိုက်တယ်။ အရင်ကဆို ပိုင်ရန်က သူ့လက်တွေကို အသံတိတ်ရှောင်နေတတ်တယ်။ အခုကတော့ နတ်ဆိုးဘုရင်ကြီးရဲ့အကြည့်တွေကြောင့် ရှောင်ဖို့တောင်မဖြစ်နိုင်ဘူး။

"မင်းက ပြန်လည်ဖွားမြင်သူကူဆိုတဲ့ အဆိပ်ကိုမိသွားတာ" နတ်ဆိုးဘုရင်ကြီးက နူးညံ့စွာပြောလိုက်တယ်။

ပြန်လည်ဖွားမြင်သူကူ?

ပိုင်ရန်ခေါင်းထဲမှာ ပြန်လည်ဖွားမြင်သူကူနဲ့ဆက်နွယ်နေတဲ့ မှတ်ဉာဏ်မှန်သမျှကို မွှေနှောက်ရှာကြည့်လိုက်တယ်။

ပြန်လည်ဖွားမြင်သူကူဆိုတာကို 'ကူကောင်'လို့လည်း ခေါ်ပြီး ရှေးပဝေသဏီက ကျင့်ကြံသူတစ်ယောက် ဖန်တီးထားတာဖြစ်တယ်။ ဒါက ကုထဲမှာမှ အင်အားအကြီးဆုံးအမျိုးအစားဖြစ်တယ်။ တစ်ယောက်ယောက်က အဆိပ်မိရင် မြန်မြန်ဆန်ဆန်သေတတ်တယ်ဆိုပေမယ့် 'ကု‌ကောငျ'ကတော့ သူ့ရဲ့လက်ခံကောင်ကို တဖြည်းဖြည်းချင်းဝါးမျိုတတ်တယ်။ သူ့ရဲ့လက်ခံကောင်က ဘယ်လောက်ထိအသက်ရှင်နိုင်မလဲဆိုတာ သူတို့ရဲ့ကျင့်ကြံခြင်းပေါ်မှ မူတည်နေတယ်။ အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်သာ အကိုက်ခံရရင် သူတို့နှစ်နှစ်လောက်တော့ အသက်ရှင်နိုင်ပေမယ့် ခံရသူသာ အားနည်းမယ်ဆိုရင် နှစ်လဒါမှမဟုတ် သုံးလအတွင်းမှာ ခြောက်သွေ့သွားတဲ့အထိ စုပ်ယူခံလိုက်ရမှာဖြစ်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now