"Daddy လူယုတ်မာကြီး။ရိကျန့်ဖိနပ်ဆိုဒ်ကျ
မသိဘူး။ပါးပါးကိုကြ မှန်အောင်ဝယ်ပေးတယ်"

သားတော်မောင်ရဲ့ပြသနာအရင်းအမြစ်ကို သိသွားတော့မှ
အပြေးထလို့ ချော့ယူရတယ်။ရိပေါ်ကတော့ခေါင်းကို
ကုတ်လို့ရယ်ကျဲကျဲ။

ဝမ်ပါးပါးကတော့ တစ်နေကုန်မျက်စောင်းတွေချည်း
လိမ့်ထိုးနေတော့တာပဲ။သူ့ဖို့ဝယ်လာတဲ့
ဖိနပ်တွေကလည်း မတော်ဘူးကိုး။

ရိပေါ်က မုန်းဖို့ကောင်းအောင်ဘက်လိုက်လွန်းပါတယ်။

〰️〰️〰️〰️〰️

"မိန်းမဆန်နေလား!!"

ဖိနပ်လေးက ရဲရဲလုံးလုံးလေးမို့ စီးရတာ
နည်းနည်းတော့ ကသိကအောင့်လေး
ဖြစ်မိသည်။ရိပေါ်ကို ပြောချင်ပေမဲ့ ကိုယ်တော်က
ထအော်ရင်သူပဲ စိတ်တိုရအုံးမှာ။

ရိကျန့်ကတော့ ဖိနပ်၃ရံလုံးသူနဲ့မတော်လို့
အကြီးအကျယ်စိတ်ကောက်ပြနေသည်။
Bodyguardဦးလေးကြီးတွေကတော့
လှတယ်ပြောတာပဲ။လှလို့လည်းစီးရတာ
နည်းနည်းမသက်မသာဖြစ်နေတာ။

"အိမ်နေရင်းစီးတာကိုဘာတွေဖြစ်နေတာလဲ။
ယောင်္ကျားစီးတွေက အမွှေးသိပ်မပါလို့
ဒါလေးဝယ်လာတာ။မင်းခြေထောက်ဘေးသားတွေပါ
နူးညံ့နေအောင်လို့"

အတင်းပြောလို့မရအောင်ရိပေါ်ကလျင်မြန်စွာပဲ
သူ့စကားကိုကြားပြီးအနားရောက်လာတယ်။
ပြီးတော့ဆိုဖာပေါ် မှာထိုင်နေတဲ့ သူ့ခြေထောက်နား
ပြားပြားကြီးထိုင်ပြီး ခြေထောင်နှစ်ဖက်လုံးကို
ပေါင်ပေါ်အတင်းနဲ့ဆွဲတင်နေတော့တာ။

"ခြေသည်းလေးကကြည်နေတာပဲ။ချစ်စရာလေး"

ချစ်တတ်လွန်းတဲ့ချစ်သူကို အားနာစွာပဲ
ပြုံးပြမိတယ်။ရွှေဘုံစံ သခင်လေးရိပေါ်က
သူနဲ့စတွေ့တဲ့ အထက်တန်းကျောင်းသားလေး
ဘ၀တည်းက သရုပ်ပေါင်းစုံနဲ့နေထိုင်ပြတော့တာ။

ဆိုဖာပေါ်ကနေဆင်းလို့ ရိပေါ်ပေါင်ပေါ်
တက်ထိုင်ကာ လဘ်တိုင်ကို ချိတ်ဆွဲလိုက်တော့ ရိပေါ်လက်တွေက သူ့ခါးသေးလေးမှာ
နေရာယူလာတယ်။

မျက်လုံးချင်းဆုံကြည့်မိတဲ့ အချိန်တိုင်းမှာ
ချစ်ခြင်းတရားတွေကအပြည့်။

Represented by Cinderella{Completed}Where stories live. Discover now