Apocalypse After Story(1)

Start bij het begin
                                    

ရှောင်မင်က ခေါင်းငြိမ့်ကာဆို၏။

"မင်း သူ့ကိုမနိုင်ရင် ထွက်ပြေး။ သူနဲ့ဇွတ်တိုက်မနေနဲ့။ သူက အရင်ကထက် အများကြီးသန်မာလာပြီ။"

"အင်း။"

ဒေစီခေါင်းငြိမ့်လိုက်သည်။ ရှောင်မင်က zombieတစ်ကောင်သာဖြစ်သော်လည်း အလွန်အင်မတန်ဥာဏ်များက ညစ်ပတ်တဲ့နည်းလမ်းတွေကိုသုံးတဲ့နေရာမှာလည်း ကျွမ်းကျင်သေး၏။

"Phoenix....ငါ့ကိုzombieအုပ်ထဲတွန်းတဲ့အတွက် နင်ပြန်ပေးဆပ်ရမယ်!"

ဒေစီက လက်သီးဆုပ်ကာ Phoenixကိုတိုက်ခိုက်သည်။

Phoenixက သရော်လေ၏။

"နင်က ကံကောင်းထောက်မပြီး ဗီဇကွဲzombieဖြစ်သွားရုံပါ။ ဒါပေမယ့် အခု နင့်ကိုယ်နင် supermanလို့ထင်နေတာလား? နင်ဘာပဲဖြစ်လာပါစေ...အသုံးမကျဖြစ်နေတုန်းပဲ။ နင်က နင့်ခေါင်းထဲက crystal nucleusတွေကို ငါ့ကိုပေးဖို့အတွက်ပဲ တန်ဖိုးရှိတာ!"

ဒေစီက စကားမပြောဘဲ Phoenix ပစ်လိုက်တဲ့ရေခဲစိုင်ကိုရှောင်ပြီး ထပ်မံတိုက်ခိုက်လိုက်သည်။ ဒေစီ ဒါကိုဘယ်တုန်းကမှနားမလည်ခဲ့ပေ။ သူမတို့အားလုံးက အထူးတပ်ဖွဲ့ဌာနက ဖြစ်ကြပြီး ဗိုလ်ချုပ်ကိုယ်တိုင် သီးသန့်လေ့ကျင့်ပေးထားတဲ့အေးဂျင့်တွေဖြစ်သော်လည်း Phoenixနဲ့Wolfက ဗိုလ်ချုပ်ကို တိုက်ခိုက်ခဲ့ကြသည်။

သူတို့က လူအရေခြုံထားတဲ့တိရစ္ဆာန်တွေပဲ!

"နင်က မိန်းမယုတ်ပဲ။ ယောက်ျားက ဓားပြကောင်ဖြစ်ပြီး မိန်းမကတော့ မိန်းမပျက်ပဲ။ နင်က နတ်ဘုရားမလို့တောင်အခေါ်ခံနေသေးတယ်။ နင် နည်းနည်းမှမရှက်ဘူးလား? ဟမ့်... နင်က အခုထိ မြင့်မြတ်ဖြူ စင်ဟန်ဆောင်နေသေးတယ်။"

ဒေစီက တိုက်ခိုက်ရင်းဖြင့် Phoenixကို ခနဲ့လေ၏။

သူမ တာဝန်တွေထမ်းဆောင်တုန်းက သူမရဲ့ခန္ဓာကိုယ်ကို အသုံးချရန်လိုအပ်ခဲ့ပြီး အသုံးချရတာကလည်းတစ်ကြိမ်တည်းမဟုတ်တာကြောင့် ဒေစီ့စကားတွေကိုကြားတဲ့အခါ Phoenixမှာ ဒေါသထွက်လွန်းလို့ မျက်လုံးများပင်ရဲလာ၏။ ဒါပေမယ့်လည်း ဒါတွေအားလုံးက တာဝန်တွေပြီးမြောက်ဖို့ လိုအပ်ခဲ့ခြင်းသာ။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Waar verhalen tot leven komen. Ontdek het nu