မိတ်ဆက်

Start from the beginning
                                    

ဖေးရဲ့၏ မိဘများမှာ ဘိုးဘွားများလက်ထပ်ကတည်းက ချမ်းသာသော်လည်း လူရိုးများ ဖြစ်သည်။ သားဇောနှင့် ရှိသမျှစည်းစိမ် အကုန်ခံလိုက်ရင်း တဖြေးဖြေး ပြုတ်ပြုတ်ပြုန်းလာသည် ။ နောက်ဆုံး ဖေးရဲ့၏ အမေမှာ စိတ်ကျရောဂါဖြစ်ကာ နေ့စဉ်နေ့တိုင်း ငိုယိုနေပြီး အအိပ်အစားမမှန်ရာက ခန္ဓာကိုယ်မှာ ဖောက်လွဲဖောက်ပြန်တွေဖြစ်လာတော့သည်။

အဖေ့မှာလည်း သားကိစ္စရော နေမကောင်းသည့် မယားကိစ္စပါ လိုက်လုပ်ပေးရင်း လုပ်ငန်းတွေ လှည့်မကြည့်နိုင်တော့ပေ။ ထိုစဉ် လူယုံက ထပ်၍ သစ္စာဖောက်သဖြင့် စီးပွါးရေးလုပ်ငန်းပါ ဆုံးရှုံးရလေသည်။ တနှစ်အကြာမှာ ဖေးရဲ့၏အမေဆုံးပါးသွားပြီး အဖေက အရက်၏ကျေးကျွန်အဖြစ်သို့ တဖြည်းဖြည်းနစ်ရင်း သားကိုလည်း သတိမရတော့ချေ။ ထို့နောက်မှာ အသည်းရောဂါဖြင့်ပင် ဆုံးပါးသွားခဲ့သည်။

မိဘဆုံးသွားတဲ့ သတင်းကြားတော့ ဖေးရဲ့ နောင်တရလေသည်။ သူ အမှန်မမြင်ခဲ့တာ နောင်တရသည်။ ကိုယ့်အပေါ် မကောင်းသည့် အပေါင်းအသင်းကို ဘုရားလို ကိုးကွယ်ခဲ့မိသည်။ အမှန်မြင်ဖို့ မစဉ်းစား မသုံးသပ်နိုင်ခဲ့တာ သုံးသပ်နိုင်သည့် အရည်အချင်းမရှိတာ နောင်တရသည်။ အသက်နှစ်ဆယ့်ငါးနှစ်ထိ ပညာလည်း ကောင်းကောင်းမသင်ခဲ့၊ အလုပ်ရယ်လို့ သေချာ လေ့လာခဲ့ခြင်း မရှိခဲ့၊ အလေလိုက်ပြီး သုံးဖြုန်းဖို့သာ နားလည်ပြီး အခြား ဘာဆိုဘာမှ မသိ နားလည်ဖို့ မကြိုးစားခဲ့ခြင်းအတွက် နောင်တရလေသည်။

ထိုကဲ့သို့သော နောင်တက စိတ်ကျရောဂါကို ပြင်းပြင်းထန်ထန် ခံစားရစေသော်လည်း သူ၏ ဆက်လက်ရှင်သန်ခြင်းအတွက် အဟန့်အတား မဖြစ်ခဲ့။ သူ နောက်တခေါက် အဓိပ္ပါယ်ရှိစွာ ဆက်လက် အသက်ရှင်လိုသည်။ သူ ဖြုန်းတီးခဲ့သည့် ငယ်ရွယ်နုပျိုခြင်းများ၊ မိဘများ၏ ဆုံးရှုံးအနစ်နာခံခြင်းများကို အလဟဿဖြစ်မသွားချင်ခဲ့။

ဖေးရဲ့က ပေါ့ပေါနေ ပေါ့ပေါ့စား အတွေ့အကြုံမရှိ ပြောလောက်အောင် အရည်အချင်းမရှိပေမယ့် မောက်မာခြင်းအလျဉ်းမရှိပေ။ နှိမ့်ချ၍ နေတတ်သည်။ လူတိုင်းအပေါ် စေတနာထားတတ်ပြီး အနစ်နာခံသည်။ ပေါင်သင်းဆက်ဆံရေး ကောင်းသောကြောင့် လူချစ်လူခင်ပေါသည်။ ထောင်ထဲက အမျိုးမျိူးသောလူများဆီမှာ ကောင်းသည်ဆိုးသည်မဆို အသုံးဝင်မည့်ပညာပေါင်းစုံ သင်လေသည်။ ကံအားလျှော်စွာ ငါးနှစ်ကြာပြီးနောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူလွတ်လာသည်။

The Stranger I love (System)Where stories live. Discover now