(၅) မိဖုရားခေါင်​ကြီး ရှုတော်​မူသည်

755 88 10
                                    

Unicode ver. ကို TaeRa_Pandora မှာ ရှာကြည့်​ပါ။

Burmese Translation of {重生之悍妻} by Author Mei Guo.

Translator - No_Coz

(၅) မိဖုရားခေါင်​ကြီး ရှုတော်​မူသည်
_________

ဝမ်​မောမောကတော့ တုန်​နေမိတာပေါ့။ သူမရဲ့ သခင်​ကို အရှင်​မင်းကြီးက အပြစ်​သားတစ်​ယောက်​နဲ့ ပေးစားလိုက်​ရုံတင်​မကဘူး။ အဲ့ဒီ့အပြစ်​သားက ခြေထောက်​မကောင်းတော့တဲ့သူပါ ဖြစ်​နေပါရော့လား။ အိမ်​ထောင်​ပြုပြီးရင်​ သူမ ဘယ်​လိုလုပ်​ ပျော်​ရွှင်​ချမ်းမြေ့နိုင်​ပါ့မလဲ။

"မယ်​မယ်​ မိဖုရားခေါင်​ကြီး...!" ဝမ်​မောမော အော်​ငိုလေတော့တယ်​။ "မျက်​လုံးဖွင့်​ကြည့်​တော်​မူပါဦး... ပထမ မင်းသမီး အရှင့်​သမီးတော်​ကို ကြည့်​လှည့်​ပါဦးဖုရာ့...!"

ဝမ်​မောမော အော်​ငိုလိုက်​တာနဲ့ လူတိုင်းက ကောင်းကင်​ကြီးဘက်​ကို လှည့်​ကြည့်​ကြကုန်​တယ်​။ သို့ပေမဲ့ နတ်​ရွာစံ မိဖုရားခေါင်​ကြီး ပြန်​ကြည့်​တော့ရော ဘာဖြစ်​မှာလဲ။ သူမ ဘာလုပ်​နိုင်​မှာမို့လဲ။ ကျောင်းမိဖုရားကို မိုးကြိုးပစ်​ချမှာလား။ အခုချိန်​မှာ နန်းတော်​အပေါ်က ကောင်းကင်​နေရာမှာ မိုးသားတိမ်​လိပ်​ကင်းစင်​လို့ နေသာနေတာကို။ ဒါပေမဲ့ ဝမ်​မောမော အော်​နေ ငိုနေစဉ်​မှာပဲ ကောင်းကင်​ယံထက်​ကနေ လျှပ်​စီးကြောင်း တစ်​ကြောင်း စီးလာလေတယ်​။ နောက်​ကနေ မိုးခြိမ်းသံကြီးလဲ လိုက်​ပါလာရဲ့။

အဲ့သလို အော်​လိုက်​တာ မိဖုရားခေါင်​ကြီး တကယ်​ကို ငုံ့ကြည့်လာတယ်​လား။

ကြည့်​တာလဲ ဖြစ်​ကောင်းဖြစ်​နိုင်​တယ်​။ ကျောင်းမိဖုရားက ညောင်​မုတ်​ဆိတ်​ပင်​အောက်​မှာ ရပ်​နေတာ၊ အဲ့အပင်​ရဲ့ အကိုင်းတစ်​ကိုင်းကျိုးကျပြီး ကျောင်းမိဖုရားတော့ သစ်​ကိုင်းအောက်​မှာ ပိနေပြီ။

ကမ္ဘာပျက်​ခေတ်​က လူတွေ မျိုးရိုးဗီဆ ဆင့်​ကဲတိုးတက်​သွားရုံနဲ့ ပိုကြံ့ခိုင်​သွားမယ်​ထင်​နေလား။ အဲ့သလိုဆို ပိန်းလွန်းရာကျမှာပဲ။ လူသားတွေမှာ ထူးခြားတဲ့လအစွမ်းသတ္တိတွေ မရလာဘူးဆိုရင်​ ဇွန်ဘီတွေ ဖိသတ်​တာနဲ့တင်​ ပြားပြီး သေလို့ရတယ်​။ အရင်​ဘဝမှာ ယွိရှောင်​ရှောင်​သာ ဒဏ်​ရာအပြင်းအထန်​ရထားလို့၊ မိုးကြိုးအစွမ်းထုတ်​မသုံးလိုက်​နိုင်​တာသာ မဟုတ်​ရင်​ အဲ့ဒီဇွန်​ဘီအုပ်​ကြီးကို အသေခံ ဗုံးခွဲလိုက်​စရာတောင်​ မလိုဘူး။ သူမ အဲ့အကောင်​တွေ အကုန်​သေအောင်​ မိုးကြိုးပစ်​ချပေးဖို့ပဲ လိုမှာ။

အာဂချစ်​ဇနီး ပြန်​လည်​မွေးဖွားခြင်းWhere stories live. Discover now